နိုင်ငံတော်အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်မည်

နိုင်ငံတော်အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်မည်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 04, 2020
image_latest


 

နေပြည်တော်  ဇွန် ၄

နိုင်ငံတော်အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲများကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ်(၇) စုပေါင်းအစည်းအဝေးခန်းမ၌ ဇွန် ၈ ရက်မှစ၍ နောက်ဆက်တွဲပါအတိုင်း ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲများကို ကျင်းပသည့်ရက် မွန်းလွဲ ၁ နာရီတွင် စတင်သွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ် တားဆီးရေး ဆိုင်ရာ အစီအမံများနှင့်အညီ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ Mask နှင့် လက်အိတ်များဝေငှခြင်း၊ Social Distancing အတိုင်း သတင်း ရယူနိုင်ရေး ဆောင်ရွက်ခြင်း၊ အသုံးပြုသည့် ပစ္စည်းကိရိယာများ ဘေးကင်းလုံခြုံမှုရှိစေရန် စီမံခြင်းတို့ ဆောင်ရွက်ထားကြောင်း သိရသည်။

တက်ရောက်သတင်းရယူလိုသည့် သတင်းဌာနများအနေဖြင့် သတင်းဌာနတစ်ခုလျှင် ၂ ဦး ထက်မများ (သတင်းထောက်နှင့် ကင်မရာ) သတ်မှတ်ထားပြီး ရက်အလိုက် သတင်း ရယူလိုသူများအနေဖြင့်   ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲ၊ E-mail:ir.Pso.moi2015@gmail.com သို့ ဆက်သွယ် ပေးပို့ နိုင်သည်။

ကျင်းပမည့် ရက်နှင့် ရှင်းလင်းမည့်အဖွဲ့အစည်း အပြောင်းအလဲရှိပါကလည်း ကျင်းပမည့် ရက်မတိုင်မီ ထပ်မံ၍ ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,