နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့စွမ်းအားနဲ့ covid အလွန်ကာလမှာ ယခင်ကထက် ပိုမို စည်းလုံးခိုင်မာတဲ့ နိုင်ငံဖြစ်လာဖို့ မျှော်လင့်ပါကြောင်း သတင်းစကားပါး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့စွမ်းအားနဲ့ covid အလွန်ကာလမှာ ယခင်ကထက် ပိုမို စည်းလုံးခိုင်မာတဲ့ နိုင်ငံဖြစ်လာဖို့ မျှော်လင့်ပါကြောင်း သတင်းစကားပါး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 02, 2020


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ စွမ်းအားနဲ့ covid အလွန်ကာလမှာ ယခင်ကထက် ပိုမို စည်းလုံးခိုင်မာတဲ့နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ ဇွန်လ(၁)ရက်နေ့ဖြစ်ပါပြီ၊ အချိန်ရဲ့ သဘော သဘာဝက ထူးဆန်းပါကြောင်း၊ တစ်ဘက်ကကြည့်ရင် သတ္တဝါတွေ လုံးဝ ပိုင်တဲ့၊ နိုင်တဲ့အရာ မဟုတ်ပါကြောင်း၊ သူ့ဘာသာသူ သွားနေပြီး ဘယ်သူ့ကိုမှလည်း လှည့်မကြည့်၊ ဘယ်သူ့ကိုမှ လည်း ဂရုမစိုက်ပါကြောင်း။

နောက်တစ်ဘက်က ကြည့်ပြန်တော့ အချိန်ဟာ ကိုယ်ဖန်တီးတဲ့အတိုင်း ဖြစ်နေသလိုပဲ ဖြစ်ပါကြောင်း၊ မြန်နေလား၊ နှေးနေလား၊ ကိုယ့်ပေါ်မှာပဲ တည်ပါကြောင်း၊ တစ်နေ့ဟာ အလွန် ရှည်ကြာနေသလိုဖြစ်ပြီး နှစ်တွေကတော့ တစ်ခဏချင်း ပျောက်သွားသလိုနေတာလည်း ရှိပါကြောင်း၊ ကြာလှပြီထင်တဲ့ကာလ၊ တကယ်ပြန်တွက်ကြည့် လိုက်တော့လဲ ဒီလောက် မကြာသေး ပါလားလို့ တွေ့ရတာလည်းရှိပါကြောင်း၊ အချိန်က လှည့်ဖြားတာထက် ကိုယ့်စိတ်က လှည့်ဖြားနေ တာဖြစ်ပါကြောင်း။

Covid ကမ္ဘာကြီးထဲ မိမိတို့တွေ ရောက်နေကြတာ ဘယ်လောက် ကြာသွားပြီလဲ။ တွက် လိုက်တော့(၅)လကျော် (၆)လလောက်ရှိပါကြောင်း၊ ဒီလောက်ကြီးလဲ မကြာသေးပါကြောင်း၊ ဒါပေမဲ့ ဒီကာလအတွင်းမှာ မိမိတို့တွေဟာ မွေးကတည်းက အလေ့အကျင့်ဖြစ်နေတဲ့ အပြုအမူတွေကို ပြောင်းကြရကြောင်း၊ တကယ့် စိန်ခေါ်မှုကြီး ဖြစ်ပါကြောင်း။

ဒီစိန်ခေါ်မှုကြီးကို ရင်ဆိုင်ကျော်လွှားနိုင်ရင် ယခုအတွက်သာမက၊ နောင်မျိုးဆက် တွေအတွက်ပါ အောင်မြင်မှုကြီးဖြစ်လိမ့်မည်ဖြစ်ပါကြောင်း၊ စာရေးဆရာမကြီးတစ်ဦးက ပြောဖူး ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်ရပ်တွေဟာ ခေတ်အဆက်ဆက်မှာ ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်ဖို့ အင်အားတွေ ဖြစ်စေပါကြောင်း၊ ဒို့တွေဟာ အခက်အခဲကြီး တွေကို ကျော်လွှားနိုင်စွမ်း ရှိခဲ့ကြောင်း၊ ခုလည်းကျော်လွှား နိုင်မှာပဲဆိုတဲ့ ယုံကြည်မှုစွမ်းအား ဖြစ်ပါကြောင်း။

ပြည်သူတွေရဲ့စွမ်းအားနဲ့ covid အလွန်ကာလမှာ ယခင်ကထက် ပိုမို စည်းလုံးခိုင်မာတဲ့နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ပါကြောင်း ရေးသားဖော်ပြထားသည်။

 

HOT NEWS
January 4,