ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အထူးကိုယ်စားလှယ် နှင့်တွေ့ဆုံ
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အထူးကိုယ်စားလှယ် နှင့်တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 14, 2020
နေပြည်တော် ဇန်နဝါရီ ၁၄
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဌာန်းခဲ့မှုပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များ ပါဝင်ပတ်သက်မှု နှင့်စပ်လျဉ်းသည့် ကလေးသူငယ်များ၏ အခွင့်အရေးများ ဆိုင်ရာ နောက်ဆက်တွဲစာချုပ်သို့ အတည်ပြုဝင်ရောက်နိုင်ခဲ့မှု၊ ကလေးသူငယ်များ လက်နက် ကိုင်ပဋိပက္ခအတွင်းပါဝင်မှုနှင့် ထိခိုက်နစ်နာမှုများကို ကာကွယ်နိုင်ရန်အတွက် ထည့်သွင်း ပြဌာန်းထားသည့် ပြဌာန်းချက်များကို အများပြည်သူနှင့် ဥပဒေအကောင်အထည်ဖော်မည့် အဖွဲ့အစည်းများသိရှိနိုင်ရန်အတွက် ဥပဒေအသိပညာပေးရေးလုပ်ငန်းများကို ပြည်ထောင်စုရှေ့ နေချုပ်ရုံးအနေဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ စီမံကိန်းများတွင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ Country Tasks Force on Monitoring and Reporting(CTFMR)၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည် အစီအစဉ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)