ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အိန္ဒိယသမ္မတနိုင်ငံ NISG မှ နည်းပညာဆိုင်ရာကျွမ်းကျင် ပညာရှင်များအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အိန္ဒိယသမ္မတနိုင်ငံ NISG မှ နည်းပညာဆိုင်ရာကျွမ်းကျင် ပညာရှင်များအား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 12, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အိန္ဒိယသမ္မတနိုင်ငံ National Institute for Smart Government (NISG) မှ Advisor Technology & Consulting Mr. Sanjeev Bhatia နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ Digital Identity အတွက် ရှေ့ပြေးစီမံကိန်းပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ အိန္ဒိယနိုင်ငံ၏ နည်းပညာဆိုင်ရာအတွေ့အကြုံကောင်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ရှိမှု၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်နေသည့် e-ID စနစ်နှင့် အိန္ဒိယနိုင်ငံ၌ဆောင်ရွက်နေသည့် MOSIP Platform တို့ ပေါင်းစပ်အသုံးပြုကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ e-ID စနစ်သည် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် ရှေ့ပြေးစီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးဆက်လက်ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းနှင့် ယခုရောက်ရှိနေသည့် အိန္ဒိယသမ္မတနိုင်ငံ NISG မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် MoU အရ မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် နိုဝင်ဘာ ၁၁ ရက်မှ ၁၉ ရက်အထိ နည်းပညာဆိုင်ရာလိုအပ်သည့် စမ်းသပ်ချိတ်ဆက်မှုများကို ဝန်ကြီးဌာနမှ နည်းပညာဆိုင်ရာ အရာရှိများနှင့်ပူးပေါင်းကာ အတွေ့အကြုံဖလှယ်ဆောင်ရွက်သွားမည်ဖြစ်သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

HOT NEWS
January 4,