ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိလမ်း ၊ တံတား နှင့် ကျေးလက်လမ်း / တံတားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း ဆောင်ရွက်နေမူနှင့် လုပ်ငန်းတိုးတက်မူ အခြေအနေတို့ကို Video Conferencing ဖြင့်ကြည့်ရူစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိလမ်း ၊ တံတား နှင့် ကျေးလက်လမ်း / တံတားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း ဆောင်ရွက်နေမူနှင့် လုပ်ငန်းတိုးတက်မူ အခြေအနေတို့ကို Video Conferencing ဖြင့်ကြည့်ရူစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 23, 2020
image_latest


နေပြည်တော် မေ ၂၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးဟန်ဇော် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ လမ်း၊ တံတားနှင့်‌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ သည် ယနေ့ မွန်းလွဲပိုင်း နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမဆောင်မှ Video Conferencing ဖြင့်ချိတ်ဆက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားနှင့် ကျေးလက် လမ်း/တံတားဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို ကြည့်ရူစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက် များမှာကြားသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ထွန်းလင်း က ရွှေဘို-မြစ်ကြီးနားလမ်း (စစ်ကိုင်းတိုင်းဒေသကြီးအပိုင်း) ရွှေဘို(၀/၀)မှ နန့်စီးအောင်(၁၇၄/၁) အထိ ၊  ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ကတ္တရာကွန်ကရစ်လမ်း (AC)(၂)မိုင် (၁)ဖာလုံ ၊ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်း (၂၇)မိုင် (၃)ဖာလုံ၊ ၂၄ ပေအကျယ်၊ ကတ္တရာလမ်း (၄)မိုင် (၂)ဖာလုံ နှင့်    ၁၈ ပေအကျယ် ကတ္တရာလမ်း မိုင်(၁၄၀) (၃)ဖာလုံ ဆောင်ရွက်ထားရှိမှု၊ နာဂဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ခန္တီး-လဟယ်လမ်း ဆောင်ရွက်ထားရှိမှု တို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘို-မြစ်ကြီးနားလမ်း ၊ သက္ကယ်ကျင်း-ဖောင်းပြင် - ဟုမ္မလင်း -ခန္တီးလမ်း ၊ ခန္တီး-ဆင်သေ-လဟယ်လမ်း ၊ လဟယ်-ဒုံဟီး-နန်းယွန်းလမ်း ၊ ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ်မ္မရာလမ်း ၊ မြစ်ကြီးနား - ပန်ဆောင် -လီဒိုလမ်း လုပ်ငန်းဆောင်ရွက်မှု နှင့် တိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။

ထို့နောက် အိန္ဒိယနိုင်ငံကုမ္ပဏီမှ တာဝန်ရှိသူက အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်သည့် မုံရွာ-ယာကြီး-ကလေးဝလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စက်ယန္တရားများဖြင့် လမ်းလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို Video Clip ဖြင့် ပြသသည်။

ဆက်လက်၍စစ်ကိုင်းတိုင်းဒေသကြီး ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး (မြို့ပြ) ၊ ဦးဇော်မျိုးထွေး က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် (World Bank ) တို့ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည့် ဝက်လက်မြို့နယ်ရှိ စိုင်နိုင်ကွေ့ - မြင်းသည် - ကွန်ဆိပ်လမ်း

အရှည် (၂၀ ဒသမ ၄၂၄) ကီလိုမီတာနှင့် ကန့်ဘလူမြို့နယ်ရှိ ကန့်ဘလူ-ထန်းကုန်း-ကာဘိုး လမ်းအရှည် (၁၉ ဒသမ ၇၆၅) ကီလိုမီတာတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊၊

ကလေးမြို့နယ်အတွင်း ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ဒိုးဝိုင်းချောင်း-မင်းလှ-ရာဇဂြိုလ်လမ်းအရှည်(၄၁ ဒသမ ၄၃၄)ကီလိုမီတာ ကွန်ကရစ်ခင်းခြင်းနှင့် ၎င်းလမ်း ပေါ်ရှိ ဆည်ကြီးတံတားအရှည် မီတာ (၁၅၀) ၊ နတ်တံခါးတံတားအရှည် (၁၃၀) မီတာ၊ နတ်မြောင်း ရေကျော်တံတား မီတာ (၂၁၀)  ၊ မှန်လုံးချောင်းတံတား အရှည်  (၁၉၉) မီတာ တို့၏  တည်ဆောက် ပြီးစီးမှုကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ကျေးလက် လမ်း/တံတားတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။

ယင်းနောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၂) မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇေယျာစိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရေဦး-ခင်ဦးလမ်းပေါ်ရှိ မူးမြစ်ကူးတံတား (ရေဦး) တည်ဆောက်နေမှု ၊ အင်းတိုင်-ကျွဲတဲ-အင်လှ-လိပ်စင်းတောင် လမ်းပေါ်ရှိ ပြောင်သွယ်ချောင်း တံတားတည်ဆောက်နေမှုနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

မူးမြစ်ကူးတံတား(ရေဦး)သည် ရေဦး-ခင်ဦးလမ်းပေါ်တွင် တည်ရှိပြီး စုစုပေါင်းတံတား အရှည် (၂၁၂၅)ပေ ၊ တံတားအမျိုးအစားမှာ အပေါ်ထည် ကြိုတင်အားဖြည့် သံကူကွန်ကရစ် ယက်မ၊ ကိုယ်ထည်-သံကူကွန်ကရစ်နှင့် အုတ်မြစ်ကို 1.2Øm သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ် တို့ဖြင့် တည်ဆောက်ထားပြီး ယာဉ်သွားလမ်းအကျယ် (၂၈)ပေနှင့် ယာဉ်တစ်စီးသွား ခွင့်ပြုအလေးချိန်မှာ AASHTO HS-25 ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး၏ (၅၀ရာခိုင်နှုန်း) ပြီးစီးနေပြီး ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တံတားဉီးစီးဌာန ၊ တံတားအထူးအဖွဲ့(၄) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဉီးမြင့်နိုင်ဉီး က မူးမြစ်ကူးတံတား (ပင်လယ်ဘူး) တည်ဆောက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရွှေဘို-မြစ်ကြီးနားလမ်းသည် အဓိက အရေးပါသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း ၊ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ  

ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ လမ်းဘေးဝဲယာရေမြောင်းများစနစ်တကျ ဆောင်ရွက်ရန် လိုပါကြောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိန္ဒိယ အကူအညီဖြင့် ဆောင်ရွက်နေသည့် မုံရွာ-ယာကြီး-ကလေးဝလမ်း လုပ်ငန်းများအခက်အခဲမရှိ အဆင်ပြေစွာ

ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း ၊ မိုးဦးကျလာပြီ ဖြစ်၍ သဘာဝဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး   လုပ်ငန်းများကို   ယခုအချိန်မှစ၍   ပြင်ဆင် ဆောင်ရွက်ထားရန် လိုပါကြောင်း ၊ နာဂဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်စေရေး အထူးအလေးထား ဆောင်ရွက်ရန် တိုက်တွန်း ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း လမ်း၊ တံတား ကျေးလက်လမ်းဖွံ့ဖြိုးရေး လုပ်ငန်း များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(သတင်းစဉ်)

HOT NEWS
January 4,