ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 21, 2020
image_latest


နေပြည်တော် နိုဝင်ဘာ ၂၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း မြေအောက် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက အထက်ပေါင်းလောင်း၊ ပေါင်း လောင်း မြေအောက်ဓာတ်အားပေးစက်ရုံနှင့် နန်ချို ရေအားလျှပ်စစ်စက်ရုံတို့မှ လျှပ်စစ်ဓာတ် အားထုတ်လုပ်နေမှုနှင့် ရေသိုလှောင်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့ က ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လာမည့် နွေရာသီကာလတွင် ယခုနှစ်နွေရာသီ ကာလကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများအား ကြံ့ခိုင်မှုရှိစေရေး ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားကြရန် လိုအပ် ကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် ပြည်သူလူထု အနေဖြင့် Stay at home ကာလဖြစ် သည့်အလျောက် ကန့်သတ်ချက်များနှင့်အညီ အိမ်တွင်း၌ နေထိုင်နေရသည့် အတွက် လျှပ်စစ် ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ခဲ့သောကြောင့် များစွာအထောက် အကူဖြစ် ခဲ့သဖြင့် ဆက်လက်၍ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ပြည့်မီစွာ ထုတ်လုပ် ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း။

တစ်ဖက်တွင်လည်း အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာများမှာ တစ်ရက်လျှင် (၁၀)ရွာနှုန်းခန့်ဖြင့် ပြီးစီးလျက်ရှိနေသဖြင့် မိမိတို့၏ရည်မှန်းချက်ဖြစ်သော ၂၀၂၀-၂၀၂၁ ခုနှစ်တွင် Electrification Ratio ၅၅ ရာခိုင်နှုန်း သည် ယခုအခါ ကျော်လွန်ကာ  ၅၆ ဒသမ ၆၈ ရာခိုင်နှုန်း ခန့်ရောက်ရှိနေပြီဖြစ်သောကြောင့် အဆိုပါကျေးရွာများအား လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအတိုင်း ထုတ်လုပ်ရန်နှင့် ဓာတ်အားထုတ်လုပ်သည့် စက်ရုံများမှ National Control Centre (NCC) ကွပ်ကဲမှုအတိုင်း ထိန်းညှိမောင်းနှင်ကြရန် လိုအပ်ကြောင်း။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခင် ၂၀၁၆ ခုနှစ်တွင် အရင်းအမြစ် ပေါင်းစုံမှ နေ့စဉ် ၄၈၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာတွင် ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီ ခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ထုတ်လုပ်ပေးလျက်ရှိ ရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(၂၈)ရုံမှ စက်တပ်ဆင် အင်အား ၃၂၂၅ မဂ္ဂါဝပ်ဖြင့် နေ့စဉ်ပျမ်းမျှ  ၂၆၀၀ မဂ္ဂါဝပ်နာရီ (၃၆%)ခန့် ထုတ်လုပ် ပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် ထပ်မံတိုးတက် သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် အတွက် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း()ခုကို  ဆက်လက် ဆောင်ရွက် လျက်ရှိပြီး အထက် ကျိုင်းတောင်း ရေအား လျှပ်စစ်စီမံကိန်း(၅၁ မဂ္ဂါဝပ်)ကို ၂၀၂၁-၂၀၂၂ တွင်လည်းကောင်း၊ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း (၂၈၀ မဂ္ဂါဝပ်) ကို ၂၀၂၂-၂၀၂၃ တွင်လည်းကောင်း၊ အလယ် ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း (၁၅၂ မဂ္ဂါဝပ်) ကို ၂၀၂၄-၂၀၂၅ တွင်လည်းကောင်း၊ သူဌေး ရေအားလျှပ်စစ်စီမံကိန်း (၁၁၁ မဂ္ဂါဝပ်) ကို ၂၀၂၅-၂၀၂၆ တွင်လည်းကောင်း အသီးသီး အချိန်မီထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

မကြာမီကာလတွင် ရေအားလျှပ်စစ်စက်ရုံ များတွင် Floating Solar Power Plant များ တည်ဆောက်၍ Hydro –Solar Hybrid စနစ်ဖြင့် ဓာတ်အားပိုမိုထုတ်လုပ် နိုင်ရန် စီစဉ်လျက် ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက်  သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို တိုးတက် ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက် မပြတ် ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာဖြန့်ဖြူးပေး နိုင်ရန်အတွက် ရေအားလျှပ်စစ် စက်ရုံများ၊ နေရောင်ခြည်စွမ်းအင် သုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး စက်ရုံများ၊ LNG သုံးစက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းများကို Generation Mix တွင် အရင်းအမြစ်မျိုးစုံ ပါဝင် ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေး စက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ပေးနေမှု၊ ရေလှောင် တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် Floating Solar Power Plant တည်ဆောက်ရန် နေရာလျာထား ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။      

(သတင်းစဉ်)

HOT NEWS
January 4,