ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြည်တွင်း၊ ပြည်ပဘုရားဖူးများ ပုဂံဒေသရှိ ဘုရားပုထိုး များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြည်တွင်း၊ ပြည်ပဘုရားဖူးများ ပုဂံဒေသရှိ ဘုရားပုထိုး များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 13, 2021
image_latest


နေပြည်တော် ဇန်နဝါရီ ၁၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားပုထိုးများသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာဘုရားတို့သို့သွား ရောက်၍ ဂေါပကအဖွဲ့များက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖူးမြော်ခွင့်ပြုနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားမှု၊ ဖြေလျှော့ခွင့်ပြုလာပါက ကိုဗစ်-၁၉ မကူးစက်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး တို့အတွက် စီစဉ်ဆောင်ရွက်ထားမှု ၊ Online Registration နှင့် ကျန်းမာ ရေး စစ်ဆေးနိုင်မည့် စက်ကိရိယာများ ပြင်ဆင်ထားရှိမှု၊ အဆင့်လိုက် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့များ ညှိနှိုင်းပြင်ဆင် ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ အလိုတော်ပြည့်ဘုရား၊ မြစေတီဘုရား၊ ထီးလိုမင်းလိုဘုရား၊ ရွှေဆံတော် ဘုရားဂေါပကအဖွဲ့များက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းလာပြီး ဖြေလျှော့မှုများဖြင့် စေတီပုထိုးများသို့ လေ့လာ ဖူးမြော်ခွင့်ပြုပါက ဘုရားဖူးပြည်သူများနှင့် ဒေသခံပြည်သူများပါ ရောဂါကူးစက်မှု ထိန်းချုပ်နိုင် ရန်အတွက် Social Distancing နှင့်အညီ ပညာပေးစည်းကမ်းချက်များ ဆောင်ရွက် ထားရှိပြီး အကွာအဝေး သတ်မှတ်ချက်၊ ဘုရားတစ်ဆူချင်း၏ ခွင့်ပြုနိုင်မှု အရေအတွက်၊ ကူးစက်နိုင်မှု မရှိစေရန် အသိပေး နှိုးဆော်ချက်များ ပြင်ဆင်ထားသည်။ အလားတူ ဘုရားတစ်ဆူချင်းစီတွင် ဘုရားဖူးများ၏ ကျန်းမာရေးအတွက် အပူချိန်တိုင်းစက်များနှင့် ပစ္စည်းကိရိယာများ ပြင်ဆင်ထားကာ ဘုရားများ၏ ပရိဝုဏ်နှင့် ဂန္ဓကုဋီအကျယ်အဝန်းအလိုက် ခွင့်ပြုနိုင်မည့် လူဦးရေ တွက်ချက်သတ်မှတ်ကာ Auto Counting စနစ်ဖြင့် ဆောင်ရွက်ရန် လျာထားစီစဉ်ထားပြီး CCTV ဖြင့် စနစ်တကျ ထိန်းသိမ်းကြပ်မတ်နိုင်ရန်လည်း ဆောင်ရွက်ထားသည်။

ထို့ပြင် Tech Wings ကုမ္ပဏီက Online မှကြိုတင်စာရင်းပေးသွင်း၍ ခွင့်ပြုကြည့်ရှုရန် စီစဉ်ထား ပြီး ညောင်ဦးခရိုင်စီမံခန့်ခွဲမှု ကော်မတီ ကလည်း ပုဂံဒေသ၏ အခြေအနေ၊ အချက်အလက်များကို ပြည်သူများ သိရှိနိုင်စေရန် Website နှင့် Page များမှ အချိန်နှင့်တပြေးညီ အသိပေး နိုင်ရေး စီစဉ်ထားကာ အဆင့်လိုက် ခွဲခြား၍ကြီးကြပ် ခွင့်ပြုပေးရန် ဒေသအုပ်ချုပ်ရေးအဖွဲ့၊ ဆက်စပ် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,