ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ကြီး၌ (၄၈) ကြိမ်မြောက် အသံမစဲပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ကြီး၌ (၄၈) ကြိမ်မြောက် အသံမစဲပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 01, 2022
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၁  

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်ပွဲ  အောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာကေတ မြို့နယ် တိပိဋကာလင်္ကာရကျောင်း ဦးစီးပဓာန နာယက၊ တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိထံမှ အနုမောဒနာတရားနာယူကာ ပိဋကတ်သုံးပုံ  ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကိုပိတ်သိမ်းခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,