မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမအကြိမ် အထွေထွေညီလာခံကျင်းပ

မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမအကြိမ် အထွေထွေညီလာခံကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2026
image_latest


နေပြည်တော် မေ ၂၃

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (Myanmar National Committee on Large Dams-MNCOLD) ၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအထွေထွေညီလာခံ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ အသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အစီအစဉ် ပထမပိုင်းတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး သဘာပတိ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားကာအတွင်း ရေးမှူးက အလုပ်အမှုဆောင်ကော်မတီ၏ အစီအရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း၊ အစီရင်ခံစာကို ညီလာခံ၏ အတည်ပြုချက်ရယူခြင်းနှင့် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ လက်ရှိကော်မတီဝင်များ နုတ်ထွက်ခြင်းများ ဆောင်ရွက်ကြပြီး ဒုတိယပိုင်းတွင် ကော်မတီဝင်အသစ် အမည်စာရင်းများကြေညာခြင်း၊ တာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာ ခံယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ သစ္စာပိုက်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံသို့ရောက်ရှိပြီး စက်ရုံမှအစက်ချပိုက်များအား ဈေးနှုန်းသက်သာစွာဖြင့် ပိုမိုထုတ်လုပ်နိုင်ပါက အများပြည်သူများ ပိုမိုသုံးစွဲနိုင်၍ နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် လှည်းကူးမြို့နယ် ဝါးနက်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ပီတိကွင်း ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရဲမွန်ကျေးရွာ ကွင်းအမှတ်(၁၀၂၆)၊ အဝကျယ်ကွင်းရှိ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်