မြေငလျင်သတင်း
မြေငလျင်သတင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / November 14, 2025
မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၆း၃၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၀၈)မိနစ်၊ (၁၃) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၄) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မော်လိုက်မြို့၏ အနောက်ဘက် (၂၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၆၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၀) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
