ရခိုင်ကမ်းရိုးတန်း၌သန္တာကျောက်တန်းတွင်နေထိုင်သောငါးမျိုးစိတ်များ၏အရေအတွက်လျော့နည်းလာ

ရခိုင်ကမ်းရိုးတန်း၌သန္တာကျောက်တန်းတွင်နေထိုင်သောငါးမျိုးစိတ်များ၏အရေအတွက်လျော့နည်းလာ


ပြန်ကြားရေးဝန်ကြီးဌာန/ ရခိုင် / July 06, 2020
image_latest


ဂွ ဇူလိုင် ၅

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ တွင် ကြပ်မတ်မှုအားနည်းသည့် ငါးဖမ်းလုပ်ငန်းများ၏ အကျိုးဆက် များ၊ အဏ္ဏဝါပတ်ဝန်းကျင်ကို အခြေ ပြုသည့် ခရီးသွားလုပ်ငန်းများ တိုးတက်လာခြင်းနှင့် ခရီးသွား လုပ်ငန်းများ၏ တာဝန်ခံမှုမရှိ ခြင်း၊ ထိန်းချုပ်မှု အားနည်းခြင်း တို့ကြောင့် ရခိုင်ကမ်းရိုးတန်းရှိ သန္တာကျောက်တန်း ဂေဟစနစ်များ ပျက်စီးလျော့နည်းလာခြင်းနှင့် သန္တာ ကျောက်တန်းတွင် နေထိုင်သော ငါးမျိုးစိတ်များ၏ အရေအတွက် လျော့နည်းလာခြင်းများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိ ပင်လယ်ကမ်းရိုး တန်းများတွင်နေထိုင်သော လူအဖွဲ့ အစည်းများ၏ဝင်ငွေနှင့် အသား ဓာတ်များရရှိရာ အခြေခံအရင်း အမြစ်များသည် သန္တာကျောက်တန်းများတွင်နေထိုင်သော ငါးများကို ဖမ်ဆီးသည့် ငါးဖမ်းလုပ်ငန်းများမှ ရရှိခြင်းဖြစ်ပြီး သန္တာကျောက်တန်း များကရရှိသော ထုတ်ကုန်များနှင့် ဂေဟစနစ်အပေါ် ထောက်ပံ့မှုများ သည် နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလီယံ ၃ဝ ခန့် ရှိသည်။ ဤသို့ လွန်စွာအရေးပါသော်လည်း အဏ္ဏဝါ အရင်းအမြစ်များကို ထိန်းချုပ်မှု ကင်းမဲ့စွာ အလွန်အကျွံ ထုတ်ယူသုံးစွဲ မှုများကြောင့် သန္တာကျောက်တန်း များနှင့် ငါးသယံဇာတများသည် ယခင်က မဖြစ်ခဲ့ဖူးသောနှုန်းဖြင့် ဆုံးရှုံးပျက်စီးလျက်ရှိ၍ သန္တာ ကျောက်တန်းများ၏ ဂေဟစနစ် အပေါ် ထောက်ပံ့ပေးနိုင်မှုမှာလည်း လွန်စွာကျဆင်းလျက်ရှိသည်။
ထို့ကြောင့် ယခုအခါ ရခိုင်ကမ်းရိုး တန်းဒေသတွင် အဏ္ဏဝါကာကွယ် ရေပြင်ထူထောင်ရန် သင့်လျော်သည့် နေရာများကိုသိရှိနိုင်ရန် အရေးပါ သည့် အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ ကို သုတေသနအချက်အလက် ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ကမ်း ရိုးတန်းတောင်ပိုင်း ကမ်းနီးဒေသရှိ ဂွကျွန်းတွင် ဆောင်ရွက်လျက်ရှိ ကြောင်း WCS Myanmar မှ အဏ္ဏဝါထိန်းသိမ်းရေး မန်နေဂျာ ဦးသောင်းထွဋ်က ပြောသည်။

ဂွကျွန်းသည် ကာကွယ်ထိန်းသိမ်း ရေးလုပ်ဆောင်ရာတွင် လွန်စွာအရေး ပါသည့် ငါးမဖမ်းရဇုန်များ၊ ငါးလုပ်ငန်း ရေရှည်တည်တံ့နိုင်ရန်အတွက် စီမံခန့်ခွဲမည့်ဇုန်များပါဝင်သော အဏ္ဏဝါ ကာကွယ်ရေပြင်ဧရိယာတည်ထောင်ရန် အလွန်သင့်လျော်သောနေရာ ဖြစ်ကြောင်းလည်း သိရသည်။

ပိန်းဇလုပ် သိန်းညွန့်

ဓာတ်ပုံ-WCS

HOT NEWS
January 4,