ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိ

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 04, 2020
image_latest


 

နေပြည်တော် ဇွန် ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်း များနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ သည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၃ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အလို တော်ပြည့် ကျောင်းတိုက်၊ ဗုဒ္ဓမော် ကျောင်းတိုက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဆည်ကြီး ကျောင်းတိုက်၊ ဃောသိတာရုံ ကျောင်းတိုက်၊ အမျိုးသား ကျောင်းတိုက်၊ ဂရုချောင်း ကျောင်း တိုက်၊ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ မဟာမုနိဗုဒ္ဓဝိဟာရ ကျောင်းတိုက်၊ မဟာဇေယျာ သိဒ္ဓိပဌာန်း ကျောင်းတိုက်၊ တေဇရာမ ကမဌာန်းကျောင်းတိုက်၊ နန်းရွှေဂူကျောင်းတိုက်၊ ဓမ္မရာမ ကျောင်းတိုက်၊ ဒက္ခေါင်း ကျောင်းတိုက်၊ မဟာသိမဝံသဘုရား များသိမ်၊ မဏိရတနာ ကျောင်း တိုက်၊ မဟာဝိဇယာရာမ ကျောင်းတိုက်၊ မဟာအောင်မြေဘုံ ကျောင်းတိုက် စုစုပေါင်း ယာယီတိုက်ပွဲရှောင်စခန်း (၁၈)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၆၁၁)ဗူးအား သွားရောက် ထောက်ပံ့ခဲ့သည်။

အလားတူ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ဂျော်(၁)၊ နေဝန်းနီနှင့် စိန့်သောမတ် စုစုပေါင်း IDP စခန်း (၃)ခုသို့သွားရောက်၍ Hand Speaker (၃)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင် ထည့်သွင်းထားသော Memory Stick (၃)ခုတို့ကို သွားရောက် ထောက်ပံ့ခဲ့သည်။

ထို့အတူ ယနေ့တွင်လည်း ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ဂျော်(၂)၊ ပန်လုံ၊ မိုင်းဝီး စခန်း များနှင့် ကွတ်ခိုင်မြို့နယ်ရှိ ပန်ကူ၊ မုံးစီးကာသိုလိပ်ဘုရားကျောင်း၊ မုံးစီးပန်ယန်ခါး စုစုပေါင်း IDP စခန်း(၆)ခုသို့သွားရောက်၍ Hand Speaker (၆)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင် ထည့်သွင်းထားသော Memory Stick (၆)ခုတို့ကို သွားရောက် ထောက်ပံ့ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ်

ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,