ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ အခမ်းအနားတက်ရောက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ အခမ်းအနားတက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန်မြို့ / February 21, 2020
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၁

ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့၊ အင်းလျားကန်ဟိုတယ်ဝင်း အတွင်းရှိ Yangon Convention Centre-YCCတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးအောင်ဝင်း က ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်ကောင်း၊ (GPI)MyanmarCo;Ltdမှ Mr.Anothai.Eamlumnowက မြန်မာနိုင်ငံတွင် ကားပြပွဲကျင်းပရခြင်း အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ မော်တော်ယာဉ် အသင်း ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများက၊ ကားပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထိုနောက် အခမ်းအနားတက်ရောက်လာကြသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ပြခန်းများ အတွင်းပြသထားသော မော်တော်ယာဉ်အသစ်များကို လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါကားပြပွဲကို ၂၀၂၀ ဖေဖော်ဝါရီ(၂၁)ရက်နေ့မှ ဖေဖော်ဝါရီ(၂၃)ရက်နေ့အထိ (၃)ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)

HOT NEWS
January 4,