လွိုင်ကော်မြို့နယ် ၊ ဒေါစော်ဘီးရွာ၌ ရေသွယ်ရန် ရေစက်ရုံ တည်ဆောက်ပြီးစီး၍ ကျေးရွာနေပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်

လွိုင်ကော်မြို့နယ် ၊ ဒေါစော်ဘီးရွာ၌ ရေသွယ်ရန် ရေစက်ရုံ တည်ဆောက်ပြီးစီး၍ ကျေးရွာနေပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်


ပြန်ကြားရေးဝန်ကြီးဌာန/ ကယား / June 04, 2020
image_latest


ကယားပြည်နယ်  ဇွန်    ၄

ကယားပြည်နယ်အစိုးရ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်ခဲ့သည့် လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါစော်ဘီးကျေးရွာ ရေသွယ်ယူရေးလုပ်ငန်းမှာ မတ်လအတွင်း အောင်မြင်စွာ ပြီးစီးခဲ့ပြီးဖြစ်သဖြင့် ကယားပြည်နယ် အစိုးရအဖွဲ့အား အထူးကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာအား ကျေးရွာတာဝန်ခံများက ကယားပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ဇွန်လ (၃) ရက်နေ့ နံနက် (၁၁)နာရီက လာရောက်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ လက်ခံရယူခဲ့ပါသည်။

လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါစော်ဘီးကျေးရွာသည် ရေတွင်းတူးဖော်ခြင်း၊ အဝီစိတွင်း တူးဖော်ခြင်းများ မရသည့်အတွက် ရေအခက်အခဲရှိသော ကျေးရွာဖြစ်သည့်အတွက် ၂၀၀၈ ခုနှစ်တွင် Care Myanmar အဖွဲ့မှ ဘီလူးချောင်းမှ နမ့်ကွတ်တောင်ပေါ် ရေလှောင်ကန်ကြီးသို့ ရေစုပ်စက်ဖြင့် ရေပေးဝေလျက် ရှိတာဖြစ်ပါသည်။ ယခင်က လုံလောက်မှုရှိသော်လည်း ယခုအခါ အိမ်ခြေနှင့် လူဦးရေ တိုးတက် လာသည့်အတွက် သောက်သုံးရေအခက်အခဲရှိသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် ကယားပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ကုန်ကျငွေကျပ်(၁၈၅၅၀၀၀ဝိ/-)ကို တာဝန်ရှိသူများထံသို့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ရေသွယ်ယူရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် သောက်သုံးရေ လုံလောက်မှုမရှိခဲ့သည့် ဒေါစော်ဘီးကျေးရွာတွင် ယခုအခါ ကျေးရွာနေ အိမ်ထောင်စု (၁၇၀)စု၊ လူဦးရေ (၇၀၀)အတွက် သောက်သုံးရေ လုံလောက်စွာ ရရှိခဲ့ပြီဖြစ်တဲ့အတွက် ကျေးရွာနေပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

#လွိုင်ကော်သတင်းဌာနခွဲ

#MRTV

HOT NEWS
January 4,