သီပေါမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သီပေါမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 26, 2020
image_latest


နေပြည်တော်၊ မတ် ၂၆

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီက သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာအနီး၊  မူဆယ်-မန္တလေး ကားလမ်းတွင် စံအေး(ခ)အိုက်ပီး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၉၅ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ မြန်မာငွေကျပ် ၆၉၀,၀၀၀ ၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စံအေး(ခ)အိုက်ပီး (၃၅) နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)

HOT NEWS
January 4,