အကြမ်းဖက်မှုကို လိမ်ညာဖုံးကွယ် အကျင့်သိက္ခာကင်းမဲ့သည့် မီဒီယာများ

အကြမ်းဖက်မှုကို လိမ်ညာဖုံးကွယ် အကျင့်သိက္ခာကင်းမဲ့သည့် မီဒီယာများ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 15, 2022
image_latest


ကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်ပစ်ခတ်မှုဖြစ်စဉ်မှာ အကြမ်းဖက်သမားတို့၏ ရက်စက်ကြမ်းကြုတ်မှု၊ အသိဉာဏ်ကင်းမဲ့မိုက်မဲမှု သက်သက်သာဖြစ်ကြောင်း ထင်ရှားပေါ်လွင်ပြီးသားဖြစ်သည်။ အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ အပေါင်းအဖော်မီဒီယာများက မည်သို့ပင်လိမ်လည်ဖုံးကွယ်ကြစေကာမူ အခိုင်အမာကျန်ရစ်သည့်သက်သေများ၊ မှတ်တမ်းများ၊ အထောက်အထားများကို ငြင်းဆို၍မရ။

KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားတို့ ကင်မွန်းချောင်းတောင်တက်ကားဂိတ်အား ပစ်ခတ်ခြင်းအပေါ် ဘီဘီစီ၊ ဧရာဝတီတို့ကဲ့သို့သော မီဒီယာများက လုပ်ကြံဖန်တီးမှုများဖြင့် ဖုံးကွယ်ပေးခဲ့ကြသည့် အပြင်လုံခြုံရေးတပ်ဖွဲ့များက ဘုရားဖူးများကို ရမ်းသန်းပစ်ခဲ့သည်ဟူ၍ သိက္ခာကင်းမဲ့စွာ ရေးသားဖော်ပြခြင်းဖြင့်လည်း မီဒီယာကျင့်ဝတ်ကိုချိုးဖောက်ခဲ့ကြသည်။ အကြမ်းဖက်အားပေး ၎င်းမီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို သိက္ခာချရေးဟူသော ဆိုးယုတ်သည့်ရည်ရွယ်ချက်များဖြင့် မီဒီယာကျင့်ဝတ်ကို တမင်ချိုးဖျက်ခဲ့ကြခြင်းလည်းဖြစ်သည်။ တစ်ဖက်မှလည်း မမှန်မကန်အချက်အလက်များဖြင့် ဖြစ်စဉ်အပေါ်အမြင်များကို ရှုပ်ထွေးဝေဝါးစေကာ အကြမ်းဖက်သမားတို့၏ စစ်ရာဇဝတ်မှုမြောက်သောကျူးလွန်မှုကို ပေါ့သွားအောင် အောက်တန်းကျသည့် မီဒီယာနည်းလမ်းဖြင့် ဝိုင်းဝန်းပံ့ပိုးပေးနေကြခြင်းလည်းဖြစ်သည်။

NUG ၊ CRPH တို့၏ သွေးထိုးလှုံ့ဆော်မှုများနောက်တွင် အသိဉာဏ်နည်းစွာပေါ်ပေါက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ၎င်းတို့၏အခေါ် တော်လှန်ရေးကာလအတွင်း ကျောင်းသားများ ကျောင်းမတက်ရန်၊ ဝန်ထမ်းများအလုပ်မလုပ်ရန်၊ အနုပညာရှင်များလည်း အနုပညာအလုပ်မလုပ်ကြရန်၊ ပျော်ပွဲရွှင်ပွဲများမကျင်းပကြရန်၊ ဘုရားဖူးခရီးများလည်းမထွက် ကြရန်၊ အပန်းဖြေအနားယူမှုများမလုပ်ကြရန် စသည်ဖြင့် ခြိမ်းခြောက်ဟန့်တားပိတ်ဆို့မှုများကို လူမှုကွန်ရက်များအသုံးပြု၍ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း အရာရာဆိတ်သုဉ်းလျက် ပုံမှန်အခြေအနေတွင်မရှိကြောင်းကို နိုင်ငံတကာသို့ ပြသလိုခြင်းဖြစ်သည်။ ပြည်သူလူထုအတွင်း ဝမ်းနည်းပူဆွေးမှုများဖြစ်ပေါ်နေပုံ၊ ချွတ်ခြုံကျငတ်ပြတ်နေပုံ၊ ပျော်ရွှင်အေးချမ်းမှုတို့ကင်းမဲ့နေပုံတို့ကိုသာ နိုင်ငံတကာသို့ ပြသလိုကြပြီး ယင်းသို့ပြသနိုင်ရန်အတွက် ပြည်ပလက်ဝေခံမီဒီယာများနှင့် လက်ဝါးချင်းရိုက်ထားကြပြီး ပြည်တွင်းမှာရော ပြည်ပ၌ပါ မကြာမကြာလိမ်လည်နေကြခြင်း ဖြစ်သည်။

ယခုကျိုက်ထီးရိုးဘုရား၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်ကို အကြမ်းဖက်ပစ်ခတ်မှု ဖြစ်စဉ်၌လည်း ၎င်းတို့အနေဖြင့် မည်သို့ပင်ရှုပ်ထွေးအောင် လှည့်ပတ်လှီးလွှဲနေကြစေကာမူ အေးချမ်းစွာဘုရားဖူးလာရောက်နေကြသည့် ပြည်သူအများအပြားရှိရာ သာသနာ့နယ်မြေကို လာရောက်တိုက်ခိုက်ခြင်းမှာ ငြင်း၍မရနိုင်သည့် မိုက်မဲမှုပင်ဖြစ်ပြီး ခိုင်မာသည့် သက်သေအထောက်အထားများနှင့် ယုတ္တိဗေဒနည်းတို့အရလည်း ဖြစ်စဉ်အမှန်ကို ငြင်းဆန်၍ မရနိုင်ပါကြောင်း။     ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

HOT NEWS
January 4,