အများသိစေရန် ကြေညာချက်

အများသိစေရန် ကြေညာချက်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 26, 2020
image_latest


ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူအတွက် ကနဦးလျှပ်စစ်ဓာတ်အား ချိတ်ဆက်သွယ်တန်းရာတွင် ပိုမိုလွယ်ကူလျှင်မြန်မှုရှိစေရန် ရည်ရွယ်၍ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ (၂၀၀) ကေဗွီအေနှင့် အောက် ထရန်စဖော်မာများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး ပူးပေါင်းစစ်ဆေးမှုလုပ်ငန်းစဉ် (Joint Inspection) ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ (၂၀၀) ကေဗွီအေနှင့်အောက် ထရန်စဖော်မာများ ချိတ်ဆက်ရာတွင် တည်ဆောက် တပ်ဆင်ပြီး ထရန်စဖော်မာ၊ ဓာတ်အားလိုင်းနှင့် ပါဝါမီတာသွယ်တန်းမှုများကို စစ်ဆေးရန်အသင့် ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ YESC မှ အကြောင်းကြားသည့်နေ့မှ (၃) ရက်အတွင်း အဆိုပါပူးပေါင်းစစ်ဆေးမှုလုပ်ငန်းစဉ်ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ (၁) ရက်နေ့မှ စတင်ပြီး မပျက်မကွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ထပ်မံအသိပေးအပ်ပါသည်။ ပူးပေါင်း စစ်ဆေးမှု လုပ်ငန်းစဉ်ကို YESC နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အများပြည်သူတို့၏ အချိန်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ သက်သာ လျော့ကျ သွားစေရန် ရည်ရွယ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

HOT NEWS
January 4,