အလုပ်အကိုင်အခွင့်အလမ်း ၃,၃၀၀ ခန့် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကခွင့်ပြု

အလုပ်အကိုင်အခွင့်အလမ်း ၃,၃၀၀ ခန့် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကခွင့်ပြု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 25, 2020


နေပြည်တော် နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း () ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် မွေးမြူ ရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းသစ်()ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၇၃ ဒသမ ၈၂၀) သန်းနှင့် ငွေကျပ် (၆၇၃ ဒသမ၂၀၀) သန်းရှိပြီး ပြည်တွင်းလုပ် သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (,၃၀၀) နေရာကိုဖန်တီးပေးနိုင်မည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံ/ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ (၂၆ ဒသမ ၁၄ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၀၅ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၅၆ ရာခိုင်နှုန်း) ဖြင့် လည်းကောင်းရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,