ြည်ပမှပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ကြည့်ရှုစစ်ဆေး

ြည်ပမှပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / April 01, 2020
image_latest


နေပြည်တော်  ဧပြီ   ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် မတ် ၃၁ ရက်က နေပြည်တော်ရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နေရာအသီးသီးသို့ သွားရောက်ပြီး၊ ပြည်ပနိုင်ငံများမှ ပြန်လာသူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ(၁)သို့ စစ်ဆေးစဉ် နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားချက်အရ မတ် ၂၅ မှ စတင်၍ နိုင်ငံတကာမှ ပြန်လာသောသူများကို facility quarantine ပြုလုပ်ရန် ဖြစ်ပါကြောင်း၊ မတ် ၂၅ ရက်မတိုင်မီကာလတွင် ဝင်လာသောသူများကို ၄င်းတို့၏ နေအိမ်များတွင် Home quarantine ပြုလုပ်ခဲ့ကြောင်း၊ ယခု facility quarantine (၁၄)ရက်ကြာ စောင့်ကြည့်ထားရှိသည့် နေရာများ ဖြစ်သည့် ဒက္ခိဏသီရိ ခုတင် ၅၀ ဆံ့ဆေးရုံ၊ ပုဗ္ဗသီရိ ခုတင် ၅၀ ဆံ့ဆေးရုံ၊ ဇေယျာသီရိ ခုတင် ၅၀ ဆံ့ဆေးရုံ၊ ဒက္ခိဏသီရိမြို့နယ် နယူးဧရာဟိုတယ်နှင့် ဇမ္ဗူသီရိမြို့နယ်၊ စည်ပင် ဧည့်ရိပ်သာတို့ဖြစ်ပြီး ၄င်းတို့အား နေ့စဉ်ကျန်းမာရေးဌာနမှ တစ်ရက် ၂ ကြိမ် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်  စေတနာဝန်ထမ်း လုပ်အားရှင်များ အင်အား(၁၀၀)ခန့်ဖြင့် လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက် ပေးခြင်းဖြင့် စောင့်ကြပ် ကြည့်သူများအား နေ့စဉ် ကျွေးမွေးမည့်အစီအစဉ်ကို Naypyitaw Covid-19 Volunteer Team မှ ဆောင်ရွက်ပေးနေကြောင်း ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သို့ မတ်လ ၃၁ ရက်နေ့အထိ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ဦးရေ ၁၆၅၀ အနက်၊ နေအိမ်၌သာနေထိုင်ရန် ကန့်သတ်မှုအဖြစ် ၁၀၁၅ ဦး၊ ဆေးရုံ၌ ၁၇၄ ဦး၊ ဟိုတယ်၌ ၁၈ ဦး၊ စည်ပင်ဧည့်ရိပ်သာ(၁)၌ ၄၂၄ ဦး၊ စာသင်ကျောင်း၌ ၃ ဦး၊ စောင့်ကြည့်ခံရသူဦးရေ စုစုပေါင်း ၁၆၃၄ ဦးဖြစ်ပြီး၊ သံသယ လူနာ(၁)ဦး၊ ပြန်လည်စေလွှတ်သူ ၁၅ ဦးတို့ဖြစ်ပြီး၊  သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုနေရာများတွင် စနစ်တကျ ကျန်းမာရေးစောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့သည် facility quarantine (၁၄) ရက်ကြာစောင့်ကြည့်ထားရှိသည့်နေရာများသို့ သွားရောက်ပြီး ကိုယ်အပူချိန်တိုင်းခြင်း၊ သတ်မှတ် ကာလအတွင်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့်ကိစ္စများ လိုက်နာမှုရှိရေး ကြပ်မတ်ခြင်း၊ လိုအပ်ချက်များ ညှိနှိုင်းခြင်း၊ ကျန်းမာရေးအခြေအနေ ကြည့်ရှုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်(ပြန်/ဆက်)

HOT NEWS
January 4,