၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 19, 2021
image_latest


နေပြည်တော်၊ ဇန်နဝါရီ  ၁၉ 

ရန်ကုန်တိုင်းဒေသကြီး အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း TTCL Power Myanmar Co.,Ltd. မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၃၆၅ မဂ္ဂါဝပ် LNG to Power Project အတွက် ဓာတ်အား ဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး TTCL Power Myanmar Co.,Ltd. မှ President & CEO Mr. Hironobu Iriya ၊ Managing Director Ms. Suratana Trinratana နှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ယခုအခါ လျှပ်စစ်ဓာတ်အားတိုး တက်လိုအပ်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အားကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင် ရွက်လျက်ရှိရာတွင် ပြည်ပမှ LNG တင်သွင်း ဓာတ်အားထုတ်လုပ်ခြင်းအပါအဝင် ပြည်တွင်းမှ ရနိုင်သမျှသော အရင်းအမြစ်များအားလုံးမှ လျှပ်စစ် ဓာတ်အားထုတ် လုပ်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာ နသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၃၀) ရက်တွင် LNG to Power စီမံကိန်းကြီး(၃)ခုအတွက် ကုမ္ပဏီများသို့ Notice to Proceed (NTP) ထုတ်ပေးခဲ့ပါကြောင်း၊ ၎င်းစီမံကိန်း (၃) ခုအနက်မှ TTCL Co.,Ltd မှ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခဲ့သော အလုံ LNG to Power Combined Cycle Power Plant စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အလုံ LNG စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်ခဲ့ပြီး Feasibility Study ၊ Environmental Impact Assessment ၊ LNG Feasibility နှင့် Gas Pipeline တို့အပါအဝင် စီမံကိန်းအတွက် မြေယာပိုင်ဆိုင်မှု အစရှိသည့် လုပ်ငန်း များကို TTCL Co.,Ltd သည် ကြိုတင်ပြင်ဆင်ခြင်းကာလ(၂)နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။

တစ်ချိန်တည်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် PPA စာချုပ်ချုပ်ဆိုနိုင် ရေးကုမ္ပဏီများ၊ Stakeholders များအားလုံးနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စီမံ ကိန်းသဘောသဘာဝအရ အခြား သောသမားရိုးကျ စီမံကိန်းများနှင့် ကွဲပြားနေသည့်အ တွက် ဌာနအနေဖြင့် နိုင်ငံတကာ ဥပဒေရေးရာ၊ စီးပွားရေးရာ၊ အတတ်ပညာပိုင်းဆိုင်ရာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ PPA စာချုပ်ပါ Schedule အရ TTCL ကုမ္ပဏီ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အလုံဓာတ်အားပေးစက်ရုံ Combined Cycle Power Plant စီမံကိန်း၏ စီးပွားဖြစ်စတင်လည်ပတ်နိုင်မှုသည် ယခုလာမည့်(၃)နှစ် အတွင်းပြီးစီးရန် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ Combined Cycle Technology ကိုအသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ထုတ် လုပ်နိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ သလောက်နည်းပါးခြင်းစသည့် အကျိုးကျေးဇူးများလည်းရရှိ နိုင်မည်ဖြစ်ပါကြောင်း၊ TTCL ကုမ္ပဏီသည် LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍ၌ ဂျပန်နိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများရှိပြီးဖြစ်သည့်အပြင် ကုန်း တွင်းပိုင်း LNG Terminal and Regasification Unit တည်ဆောက်ခြင်း၊ လိုအပ်သော ဆက်စပ် ပစ္စည်းများဖြစ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် Transmission Line အားလုံးကို ရန်ကုန်ဧရိယာအတွင်း တည်ဆောက်သွားမည်ဖြစ်သည့်အတွက် ကုမ္ပဏီ အနေ ဖြင့် တည်ဆောက်ရေးလုပ်ငန်းနှင့် Operation လုပ်ငန်းအဆင့်တိုင်းတွင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများသာမက နိုင်ငံတွင်းစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း များကိုပါ လိုက်နာဆောင် ရွက်ရန် လိုအပ်ကြောင်း။

လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝှမ်း၌ COVID-19 Pandemic ၏ သက်ရောက် မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ် လျက်ရှိရာ မြန်မာနိုင် ငံရှိ ပြည်သူလူထု အများစုသည်လည်း အဆိုပါ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို များစွာခံစား နေကြရသည့်အတွက် လူမှုစီးပွားဘဝ ဆုံးရှုံးမှုများရှိနေပါ​ကြောင်း၊ ယခုစီမံ ကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်အတွက် စီမံကိန်းအနီးအနားရှိ ဒေသခံ ပြည်သူလူထုများအနေဖြင့် စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက် နေသည့်ကာလနှင့် ထုတ်လုပ်မောင်းနှင်နေသောကာလတို့တွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာပြည်သူလူထုအတွက်လည်း တန်ဖိုးရှိသော အထောက်အကူ တစ်ရပ်ဖြစ် မည်ဖြစ်ပါကြောင်း။

 အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း LNG Terminal နှင့် Regasification Unit ကို အသုံးပြုသည့် ပထမဆုံး ရေရှည် LNG စီမံကိန်းတစ်ခုဖြစ်ပြီး LNG ထောက်ပံ့မှုသည်လည်း တည်ငြိမ်စွာ ဆောင်ရွက် နိုင်ခြင်းကြောင့် ယုံကြည်စိတ်ချရမှုမြင့်မား သည့် စီမံကိန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုစီမံကိန်း အောင်မြင်စွာပြီးဆုံးသည့်အခါ PPA စာချုပ်အရ ရန်ကုန်တိုင်းဒေသကြီးကို လျှပ်စစ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနိုင် မည်ဖြစ်ပြီး အထူးသဖြင့် ပိုမိုတည်ငြိမ်စိတ်ချရသည့် လျှပ်စစ်ဓာတ် အားကို ထောက်ပံ့ပေး နိုင်မည်လည်း ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေနှင့်လည်း PPA တွင် ဖော်ပြထားသော Time Schedule အတိုင်း အချိန်မီပြီးစီးနိုင်ရေး အကောင်းဆုံးအား ထုတ်ကြိုးပမ်း ဆောင်ရွက်သွာ းရန်လည်း လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စီမံကိန်းအဆင်ပြေချော မွေ့စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ် ပါကြောင်းနှင့် TTCL Power Myanmar Co.,Ltd. အနေဖြင့် သတ်မှတ်ထားသော လျာထား ချက်အတိုင်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် TTCL Power Myanmar Co.,Ltd. မှ Chairman of the Board of Directors, President & CEO Mr. Hironobu Iriya က စီမံကိန်းနှင့်စပ်လျဉ်း၍ မိမိတို့ဆောင် ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် TTCL Power Myanmar Co.,Ltd. မှ Managing Director Ms. Suratana Trinratana တို့က Power Purchase Agreement (PPA) စာချုပ်အား လက်မှတ်ရေး ထိုးခဲ့ကြကြောင်း သိရသည်။

  (သတင်းစဉ်)

 

HOT NEWS
January 4,