(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့/ မုံရွာမြို့ / February 14, 2020


(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော ပျော်ပွဲရွှင်ပွဲများ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၃.၂.၂၀၂၀)ရက်နေ့ ည(၁၉၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာယာ၌ ကျင်းပ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ လွှတ်တော် ဒုတိယဉက္ကဌ၊ တိုင်းဒေသကြီး ဉပဒေချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး မွေးနေ့ အထိမ်းအမှတ်အဖြစ် လှေလှော်ပြိုင်ပွဲ၊ ထမနဲထိုးပြိုင်ပွဲ၊ အခြေခံပညာ ကျောင်းသား/သူ လေးများ၏ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နှုတ်ချက်ပြိုင်ပွဲ၊ ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

​​​​​​​

HOT NEWS
January 4,