(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 03, 2020
image_latest


ပုသိမ်  ဒီဇင်ဘာ ၃

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်း အနားအား Social distancing နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြား ရာတွင် "ယခင်ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားများနည်းတူ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများက ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်ပြီး ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ ယခင်နှစ် များက လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် အဆိုပါ အားကစား ပွဲများ၊ ပြိုင်ပွဲများ ကျင်းပခြင်းမပြုလုပ်ရန် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီ စစ်ရေးပြ ဆောင်ရွက်မှုကိုလည်း အင်အားလျော့ချပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ပြုလုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလေးပြုခြင်း အခမ်းအနား ကျင်းပချိန်ကိုလည်းလျော့ချ၍ တတ်နိုင် သမျှ အကျဉ်းချုံး ဆောင်ရွက်ရန်" ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ဦးစီးကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်း ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းတစ်ရပ်ချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအသေးစိတ် ဆွေးနွေးဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင် များ၊တိုင်း/ခရိုင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့် (ပြန်/ဆက်)

HOT NEWS
January 4,