နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁) နှစ်တာ စက်မှုဝန်ကြီးဌာန

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁) နှစ်တာ စက်မှုဝန်ကြီးဌာန


စက်မှုဝန်ကြီးဌာန/ နေပြည်တော် / April 08, 2018
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁) နှစ်တာ စက်မှုဝန်ကြီးဌာန


စက်မှုဝန်ကြီးဌာန အနေဖြင့် အစိုးရ၏ (၂) နှစ်တာ ကာလအတွင်း နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ချက်နှင့်အညီ စက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်း မူဝါဒ ၄ ရပ်၊ မျှော်မှန်းချက် ၂ ရပ်နှင့် လုပ်ငန်းစဉ် ၆ ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ပြည်သူ့အတွက် ကြိုးပမ်းအားထုတ်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ပြည်သူလူထု ကျန်းမာရေးအထောက်အကူ ပြု အိမ်သုံးဆေးဝါးအမျိုးမျိုးကို တိုးမြှင့်ထုတ်လုပ် လျက်ရှိပြီး ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန ဆေးဝါး အရောင်းဆိုင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့ ကြီးများတွင် ဖွင့်လှစ်ရောင်းချပေးလျက် ရှိရာ ရန်ကုန်မြို့တွင် ငါးဆိုင်၊ နေပြည်တော်တွင်

သုံးဆိုင်၊ မန္တလေးမြို့တွင် နှစ်ဆိုင်နှင့် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးတို့တွင် ၁၈ ဆိုင် စုစုပေါင်း ၂၈ ဆိုင်အား ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည်။ ထို့ပြင် City Mart ၊ Orange Mart ၊ Capita အစရှိသည့် Super Market များ တွင်လည်း BPI ဆေးအရောင်းဆိုင် စုစုပေါင်း၆၁ ဆိုင် ဖွင့်လှစ်ရောင်းချနေသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် BPI ဆေးအရောင်းဆိုင်ပေါင်း ၈၉ ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိသည်။

ထို့အပြင် မြွေဆိပ်ဖြေဆေး တိုးမြှင့်ထုတ်လုပ်ရေးအဆောက်အအုံကို ၂၀၁၆ ခုနှစ် မေ ၂၀ ရက် တွင် ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဖွင့်လှစ်နိုင်ခဲ့ပြီး လျှပ်စစ်မီးမရရှိသည့် ကျေးလက်ဒေသများတွင် သာမန်အခန်း အပူချိန်၌ ဆေးသက်တမ်း ငါးနှစ် အထိထားရှိနိုင်သော အေးခဲခြောက်ပုံစံဖြင့် မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်နိုင်ခဲ့သည်။ ထိုးဆေးအမျိုးအစား ၁၀ မျိုးကို တစ်နှစ်လျှင် သန်း ၂၀ ထုတ်လုပ်နိုင်သည့် Small Volume Production Plan နှင့်တစ်နှစ်လျှင် ငါးသန်းထုတ်လုပ်နိုင်သည့် Cephalasporin Injection Plant တို့ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဆေးဝါးစက်ရုံ(အင်းစိန်)၌ လည်းကောင်း၊ Povidine (အနာကျက်ဆေးရည်) ထုတ်လုပ်သည့် အဆောက်အအုံသစ်ကို ဆေးဝါးစက်ရုံ(အင်ရောင်း)တွင် ၂၀၁၈ ခုနှစ် မတ် ၂၀ ရက်၌ လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် တစ်နှစ် လျှင် ဆေးပြား၊ ဆေးတောင့် သန်း ၅၀၀ ထုတ်လုပ် နိုင်သည့် Tablet and Capsule Production Plant ကို ၂၀၁၈ ခုနှစ်အတွင်း ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ကမ႓ာ႔အဆင့်မီ မြွေဆိပ်ဖြေဆေးများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ကမေ႓ာဒီးယား နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး လာအိုနိုင်ငံသို့တင်ပို့ရောင်းချနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိ သည်။ ထို့အပြင် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော ဆေးဝါး ၁၆ မျိုးကို အယ်လ်ဂျီးရီးယားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ခေတ်စနစ်နှင့် အမီလိုက်နိုင်ရန်အတွက် ဈေးကွက်လိုအပ်ချက်နှင့်အညီ ဆန်းသစ်တီထွင် ထုတ်လုပ်ထား သော စက်မှုဝန်ကြီးဌာန၏ ထုတ်ကုန်ပစ္စည်းများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလက်လှမ်း မီဝယ်ယူနိုင်ရေး အတွက် ဝန်ကြီးဌာန၏ Facebook Page တွင် ဖော်ပြ၍ဝယ်ယူသူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံပြီး အရောင်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သုံးစွဲသူများနှင့် ပညာရှင်များ၏ အကြံပြုချက်များကို စိစစ်၍ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး အစဉ်အမြဲ တိုးတက်ကောင်းမွန် စေရေးအတွက် အဆင့်ဆင့် ပြုပြင်ပြောင်းလ ထုတ်လုပ် ဖြန့်ဖြူးရောင်းချပေးခြင်းများ ဆောင် ရွက်လျက်ရှိသည်။

 

 

အဆင့်မြင့်ဈေးကား

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

စက်မှုဝန်ကြီးဌာနမှ ကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထားသော အဆင့် မြင့်ဈေးကား (Mobile Mar) ဖြင့် ဆေးဝါး အမျိုးမျိုး၊ အဝတ်အထည်နှင့် အိပ်ရာခင်း အမျိုးမျိုး၊ အိမ်သုံးစတီးလ်ပစ္စည်းအမျိုးမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ ကြွေပြားနှင့် မှန်အမျိုးမျိုးမှ Solar နှင့် LED ပစ္စည်းများအထိ စက်မှု ဝန်ကြီးဌာနမှ ထုတ်လုပ်သော လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို လူစည်ကားရာဈေးများ၊ ရုံးဌာန များနှင့် ပွဲတော်များသို့ လှည့်လည် ရောင်းချ ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။ လက်လီလက်ကား ရောင်းချ ဖြန့်ဖြူးသူများနှင့် ပုဂ္ဂလိကလုပ်ငန်း များမှ မိမိထုတ်ကုန်ပစ္စည်းများ အား ကိုယ်တိုင်ဖြန့်ဖြူးလိုသူများမှ အဆင့်မြင့်ဈေးကားများ ထုတ်လုပ် ပေးရန် မှာယူလာပါကလည်း သုံးစွဲ သူအကြိုက် လိုအပ်ချက်များအတိုင်း ထုတ်လုပ်ပေးသွားမည်ဖြစ်ပါသည်။ 

အများပြည်သူကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးဝါး အမယ်သစ် ၂၄ မျိုးနှင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆေးဝါးအမယ်သစ် ၂၁ မျိုးကို တီထွင်စမ်းသပ် ထုတ်လုပ်ခဲ့ရာ ဆေးဝါး ၁၇ မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။ အဆိုပါ ဆေးဝါး ၁၇ မျိုးအနက် HIV ရောဂါ ဝေဒနာရှင်များအတွက် ကုသဆေးဖြစ်သည့် Tenofovir (300 mg) ဆေး၊ ဗက်တီးရီးယားပိုးသတ်ဆေးများဖြစ်သည့် Cefalexin Capsule နှင့် Flocomox Capsule ၊ ကင်ဆာဝေဒနာရှင် များအတွက် နာကျင်မှုသက်သာစေသော (Pain Killer) တစ်မျိုးဖြစ်သည့် Tramadol ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

 

ထို့အတူ အာရုံကြောနှင့် ကိုယ်ခံစွမ်းအား တိုးမြှင့်စေသော ဆေးဖြစ်သည့် Neurovit Injection ၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ကုသဆေးဖြစ်သည့် Dopamine Injection ၊ သွေးတွင်းအဆီကျဆေး Rosuvastatin Caplet ၊ အစာအိမ်ရောဂါကုသဆေး Ranitidine Table ၊ လက်သန့်ဆေးရည် Hand Sanitize ငါးမျိုးကို FDA အတည်ပြုချက်ရရှိရေး လျှောက်ထားလျက်ရှိကြောင်း သိရသည်။ ပြည်သူများအား ကူးစက်ရောဂါအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးများကို လည်း Mobile Unit ဖြင့် လုပ်ငန်းခွင်အရောက် သွားရောက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးများ တိုးမြှင့်ထုတ်လုပ်၍ ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးသွားမည် ဖြစ်သည်။
 

အရေးပေါ်အခြေအနေနှင့် သဘာ၀ဘေး အန္တရာယ် ကျရောက်ချိန်တွင် အဆင်သင့်အသုံးပြု နိုင်သည့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း ၄၁ မျိုး ပါဝင်သော အရေးပေါ်သုံးဆေးသေတ္တာ (First Aid Kit)များကိုလည်း ဈေးနှုန်းသင့်တင့်စွာဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ အထည်စက်ရုံခွဲ (မြင်းခြံ)တွင် မူလထုတ်ကုန် ဖြစ်သည့် ပတ်တီးပိတ်အား ဆေးရည်စိမ်ပတ်တီးအဖြစ် တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်းထွက် ကျောက်မှုန့် Gypsum နှင့် ပတ်တီးပိတ်တို့ ပေါင်းစပ်ကာ ကျောက်ပတ်တီး (P.O.P Bandage) ထုတ်လုပ်နိုင်ရန် ဓာတ်ခွဲခန်းတွင် သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့ရာ အောင်မြင် မှုရှိသည့်အတွက် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်လျက်ရှိသည်။

 

 

တိုးချဲ့ထုတ်လုပ်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အတွက် ဆေးရုံသုံး ပရိဘောဂပစ္စည်း ခုနစ်မျိုး၊ ခွဲစိတ်ခန်းသုံး စတီးပစ္စည်းများကို Medical Grade နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်းတွင် 8 cm စတီးမတ်ခွက်၊ စတီးဓားအသေးများ၊ 45 Literနှင့် 90 Liter Barrel (B-Type) ပလတ်စတစ် ပုံးများ၊ Stainless Steel Bench များကိုလည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးချဲ့ထုတ် လုပ် လျက်ရှိသည်။
 

ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင် ထားသော 

စက်မှုလုပ်ငန်းများ အား ပုံမှန်စစ်ဆေး ကြီးကြပ်မှု လုပ်ငန်းများအပြင် စက်ရုံများတွင် တပ်ဆင်အသုံးပြုနေသော ဘွိုင်လာများကို စွမ်းရည်ပြည့် သက်တမ်းကြာ ရှည် ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။

 

စက်ရုံ အလုပ်ရုံများတွင် လျှပ်စစ်ကြောင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်နှင့် ဓာတ်လိုက် မှုမရှိစေဘဲ လုံခြုံဘေးကင်းစွာဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျှပ်စစ်စစ်ဆေးရေးလုပ်ငန်း များကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

 

၂ နှစ်တာကာလအတွင်း

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဘွိုင်လာမောင်းနှင်သူများအတွက် ဘွိုင်လာ ကိုင်တွယ်ထိန်းသိမ်းသူများ သင်တန်းကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အစိုးရ၏ ၂ နှစ်တာကာလအတွင်း သင်တန်းသား စုစုပေါင်း ၃၅၄ ဦးကို သင်ကြားပို့ချပေးနိုင်ခဲ့သည်။ လျှပ်စစ်လုပ်ငန်းဆောင်ရွက်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက်လည်း လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းအမျိုးမျိုးကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပြီး ၂ နှစ်တာကာလအတွင်း သင်တန်း ၁၄ ကြိမ် သင်တန်းသားစုစုပေါင်း ၁၀၃၃ ဦးကို သင်ကြားပို့ ချပေးနိုင်ခဲ့သည်။ ပြည်သူများ လျှပ်စစ် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အတွက် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပညာပေးဟောပြောပွဲ ၄၄၃ ကြိမ် ကျင်းပပေး နိုင်ခဲ့ပြီး ပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။

 

 

လူမှုစီးပွားဘ၀ တိုးတက်ကောင်းမွန်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘ၀ ဖွံ့ ဖြိုး တိုးတက်ရေးအတွက် စက်မှုဝန်ကြီးဌာနမှ နေအိမ်သုံး ဆိုလာမီးထွန်းစနစ် အစုံ ၁၅၀ ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်တွင် လည်းကောင်း၊ နေအိမ်သုံး ဆိုလာမီးထွန်းစနစ်အစုံ ၁၀၀ နှင့် ဆေးဝါးနှင့် အိမ်သုံးပစ္စည်း ၁၉ မျိုး ပါဝင်သော Family Kit အခု ၅၀ဝကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လ ၁၆ ရက်တွင်လည်းကောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ ပေးအပ်လှူဒါန်း နိုင်ခဲ့သည်။
 

ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လိုအပ် ချက်အရ စက်မှုဇုန်အသီးသီးရှိ အလုပ်သမား များ၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးရန်နှင့် ဒေသခံ ပြည်သူများ အသက်မွေးဝမ်းကျောင်း ပညာရပ် များရရှိပြီး ဝင်ငွေတိုးတက်စေရန်အတွက် စက်မှုနှင့် သက်မွေးပညာ ရွေ့လျားသင်တန်းများကို နှစ်နှစ် တာကာလ အတွင်း ၃၉ ကြိမ်ဖွင့်လှစ်ပေးခဲ့ကာသင်တန်းသားစုစုပေါင်း ၂၁၁၅ ဦးကို အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ကြားပေးနိုင် ခဲ့သည်။

လူသားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး

စက်မှုဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်း ပြည်ပ သင်တန်းများ စေလွှတ်ခြင်း၊ ဦးစီးဌာန၊ လုပ်ငန်းများအလိုက် ပြည်တွင်း သင်တန်း၊ Workshop နှင့် Semina များ ဆောင်ရွက်ပေးခြင်း၊ လှူစွမ်းအားအရင်းအမြစ် ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ 5s သင်တန်းများ ဖွင့်လှစ် ပေးခြင်း၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင် လှူစွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေးကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။

 

နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော စက်မှုကျွမ်းကျင် လုပ်သား များအား စက်မှုသင်တန်းကျောင်း ခြောက်ကျောင်း မှ နှစ်စဉ်လေ့ကျင့်သင်ကြားပေးလျက်ရှိရာ အစိုးရ ၏ နှစ်နှစ် တာကာလအတွင်း သင်တန်းဆင်းဦးရေ ၂၀၀၀ ခန့်ရှိပြီး ယင်းတို့ အနက် ၈၇ ရာခိုင်နှုန်းအား အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ သည်။

ထို့အပြင် စက်မှုသင်တန်းကျောင်းများတွင် Mobile Vocational Training Unit များက ဖွဲ့စည်းထားပြီး စက်မှုနှင့် သက်မွေးပညာ ရွေ့လျား သင်တန်း အစီအစဉ်ဖြင့် ကျေးလက်ဒေသရှိ လူငယ်များနှင့် စက်မှုဇုန်ရှိ လုပ်သားများအတွက် စက်မှုနှင့် သက်မွေးပညာ ရက်တိုသင်တန်းများ ကျေးရွာအရောက် ပို့ချပေးလျက် ရှိသည်။


အာရှဖွံ့ ဖြိုးရေးဘဏ်(ADB) ၏ နည်းပညာ အထောက်အပံ့ဖြင့် စက်မှုသင်တန်းကျောင်း (မန္တလေး၊ ပခုက္ကူ) တို့တွင် ကျွမ်းကျင်မှု အခြေပြု ကာလတို သင်တန်းများဖွင့်လှစ်ခြင်းကို ရှေ့ပြေး စီမံချက် Pilot Project အဖြစ် Manual Metal Arc Welding (MMAW)၊ MIG/MAG Welding ၊ Small Farm Engine Mechanic၊ Motrocycle Mechanic စသည့်ဘာသာရပ် လေးမျိုးဖြင့် သင်ကြားပေးခဲ့ရာ သင်တန်းသား ၃၈၂ ဦးကို လေ့ကျင့်သင်ကြားပေး နိုင်ခဲ့သည်။


စက်မှုသင်တန်းကျောင်းဆင်း သင်တန်းသား များနှင့် ပြင်ပလူငယ်လူရွယ်များအတွက် စက်မှု ဆိုင်ရာ ဘာသာရပ်များနှင့် ဂျပန်ဘာသာစကား နားလည်တတ်ကျွမ်းစေပြီး အလုပ်အကိုင် အခွင့် အလမ်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အမှတ် ၂ စက်မှုသင်တန်းကျောင်း(မန္တလေး)တွင် ဂျပန်ဘာသာစကား တစ်နှစ်သင်တန်းကို ၂၀၁၆ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၂၇၆ ဦးတက်ရောက်အောင်မြင်ခဲ့ပြီး ယင်းတို့အနက်သင်တန်းဆင်း ၁၃၈ ဦးကို ဂျပန်နိုင်ငံသို့ စေလွှတ် နိုင်ခဲ့သည်။


စက်မှုသင်တန်းကျောင်းများကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ် ပြဋ္ဌာန်း ရေးအဖွဲ့ (National Skills Standards Authority - NSSA) ၏ စစ်ဆေးအကဲဖြတ် ရေးဌာန (Assessment Center) များအဖြစ် အသိအမှတ်ပြုလက်မှတ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။

 

 

အကြီးစားစက်မှုလုပ်ငန်း

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် သံနှင့် သံမဏိ ထုတ်ကုန်အမျိုး မျိုးကို ထုတ်လုပ်နိုင်ရန် အမှတ် ၁ သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းနှင့် အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းလုပ်ငန်းများကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တစ်နှစ် လျှင် Steel Slab တန်ချိန် နှစ်သိန်း ထုတ်လုပ် နိုင်သည့် Melt Shop 2 ကို ဆောင်ရွက်နိုင်ခဲ့သည်။

 

Phase-2 မှာ စီမံကိန်းလုပ်ငန်း ၈၈ ဒသမ ၆၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး လုပ်ငန်းများ ပြန်လည် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိပါက ၁၄ လခန့်ကြာ လျှင် Phase-2 စီမံကိန်းလုပ်ငန်းတစ်ခုလုံး ပြီးစီးနိုင်မည်ဖြစ်သည်။

Phase-2 နှင့်အတူ Phase-2A ကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ စီမံကိန်း လုပ်ငန်း ၅၅ ဒသမ ၆၁ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး Phase-2A စီမံကိန်းလုပ်ငန်း တစ်ခုလုံး ပြီးစီးရန် ၂၃ လခန့် ကြာမြင့်နိုင်သည်။ Phase-3 ပြီးစီးပါက အရွယ်အစားမျိုးစုံ၊ အရောင်မျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ဈေးကွက်ဝင် သံပြား၊ အမိုးပြား (Flat Product) များကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။
 

Phase-3 စီမံကိန်းလုပ်ငန်းသည် ၄၅ ဒသမ ၀၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ၂၄ လခန့် ကြာလျှင် စီမံကိန်း လုပ်ငန်းတစ်ခုလုံး ပြီးစီးမည်ဖြစ်သည်။

Integrated Steel Comple စီမံကိန်း တစ်ခု လုံးပြီးစီးပါက သံချောင်းလုံးများ၊ Hot Roll Coil၊ Cold Roll Coil ၊ Channel & Bea အမျိုးမျိုး၊ မီးရထားသံလမ်းများနှင့် ဖိအားမြင့် ပိုက်များ စသည့်သံမဏိထုတ်ကုန် အမျိုးမျိုးကို ထုတ်လုပ်သွားနိုင်မည်ဖြစ်သည်။

အမှတ် ၁ သံမဏိစက်ရုံ(မြင်းခြံ)အတွက် လိုအပ်သော သံစိမ်းကုန်ကြမ်းများ ရရှိစေရန် အတွက် အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို ရုရှားနိုင်ငံမှ TPE ကုမ္ပဏီနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၉၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ စီမံကိန်းပြီးစီးပါက အမှတ် ၁ သံမဏိ စက်ရုံ(မြင်းခြံ)အတွက် လိုအပ် သောသံစိမ်း (Pig Iron) တန်ချိန် နှစ်သိန်းထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

 

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ရေစီးအားသုံး တာဘိုင်များ ထုတ်လုပ်နိုင်ရန် ဂျပန်နိုင်ငံ Naikai Electric Power Companyနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် တွင် AoD လက်မှတ်ရေးထိုးပြီးဖြစ်သည်။ မြစ်ရေ စီးအား အသုံးပြု၍ လျှပ်စစ်ဓာတ် အား ၅၀ kW မှ ၅၀၀ kW အထိ ထုတ်လုပ်နိုင်သော ရေစီးအား သုံး တာဘိုင်များကို စစ်တောင်းမြစ်နှင့် သံလွင်မြစ်များအတွင်း ချထားစမ်းသပ်နိုင်ရန် ဂျပန်နိုင်ငံမှပညာရှင်များနှင့် ရှေ့ပြေးလေ့လာစမ်းသပ်မှု များဆောင်ရွက်ခဲ့သည်။ ပထမအဆင့်အနေဖြင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ထုတ်ယူ သုံးစွဲနိုင်ရန်၊ လျှပ်စစ်မီးရရှိရန်ခက်ခဲသော ကျေးလက်နှင့် တောင်ပေါ်ဒေသနေရာများနှင့် ဖွံ့ ဖြိုးဆဲပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် အတွက် Mini Hydro Turbine Model နှစ်ခုကို အမှတ် ၂၆ အကြီးစားစက်ရုံ (သာဂရ) တွင် Naikai Electric Power Company နှင့် ပူးပေါင်းစမ်းသပ်ထုတ်လုပ်ခဲ့သည်။
 

နေပြည်တော်ကောင်စီနယ်မြေ ရေဆင်းဆည်ရှိ ဆည်ရေသောက် တူးမြောင်း အတွင်းတွင် ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်စမ်းသပ်လည် ပတ်ခဲ့သည့် တာဘိုင်များအတွက် Generatorနှင့် Controller များကို ဂျပန်နိုင်ငံမှ မှာယူ တပ်ဆင်ခဲ့ပြီး သာဂရစက်မှုနယ်မြေရှိ စက်ရုံများတွင်လည်း ထုတ်လုပ် နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
 

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energy Project တစ်ခုအနေဖြင့် သထုံစက်မှု နယ်မြေတွင် ၂၈ ဒသမ ၆ MW Solar Power Plant အကောင်အထည်ဖော် တည်ဆောက်နိုင် ရန် နော်ဝေနိုင်ငံ Energia Assed Management(EAM) နှင့် ၂၀၁၇ ခုနှစ်အောက်တိုဘာ ၁၀ ရက်တွင် MoU လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နော်ဝေနိုင်ငံမှ EAM နှင့်ပူးပေါင်း ၍ အမှတ် ၅ အထည်စက်ရုံ (ပခုက္ကူ)၊ အမှတ် ၆ အထည်စက်ရုံ (ဆားလင်းကြီး)၊ အမှတ် ၇ အထည်စက်ရုံ (မြစ်သား)၊ အမှတ် ၈ အထည် စက်ရုံ (ပျော်ဘွယ်) စက်ရုံများရှိ စက်မှုအဆောက် အအုံအမိုးပေါ်တွင် Solar ပြားများ တပ်ဆင်ပြီး နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်သုံးစွဲ ဖြန့်ဖြူးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော် - တောင်ကြီးကားလမ်းပေါ်ရှိ နန့်ပန်တက် ကျေးရွာအနီးရှိ ခရီးသွားအပန်းဖြေ စခန်းတစ်ခု တွင် လျှပ်စစ်ဓာတ်အားအသုံးပြုနိုင် စေရန် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော Solar Panel များအသုံးပြု ၍ Solar Firmတစ်ခုကိုတည်ဆောက်တပ်ဆင်ပေးသွားရန် ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက် လျက်ရှိသည်။

 

 

သုတေသနပြု

▄▄▄▄▄▄▄▄▄

ပတ်ဝန်းကျင်ညစ်ညမ်းမှုကင်းသည့် Electric Vehicle(EV) နှင့် Hybird ကားများကို မြို့တွင်းသာမက အမြန်လမ်းမများပေါ်တွင် စတင်လက်တွေ့ အသုံးချမောင်းနှင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါကားများကိုအားသွင်းနိုင်ရန် နေရောင်ခြည် စွမ်းအင်သုံး Solar Charging Station များကိုလည်း ရန်ကုန်-မန္တလေး အမြန်လမ်းခရီးတစ်လျှောက်တွင် တည်ဆောက်ပေးသွားရန် ကြိုတင် Design ထုတ်သုတေသနပြု ဆောင်ရွက်လျက်ရှိသည်။

 

စက်မှုဝန်ကြီးဌာနအနေဖြင့် အစိုးရ၏နှစ်နှစ် တာ ကာလအတွင်း ထုတ်ကုန်ပစ္စည်းများ အရည် အသွေး တိုးတက်အောင်ဆောင်ရွက်ခြင်း၊ သုံးစွဲသူကြိုက်နှစ်သက်သည့် အဆင်ဒီဇိုင်းများ ဆန်းသစ်တီထွင် ထုတ်လုပ်ခြင်း၊ ထုပ်ပိုးမှုပုံစံများ ပြုပြင် ပြောင်းလဲခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်လာစေရေး ဆောင်ရွက်ပေးခြင်း၊ လူ့စွမ်း အားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေး ခြင်း၊ SME လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်း /ပြည်ပအဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ နည်း ပညာ/ဘဏ္ဍာအထောက် အပံ့ရရှိရေး ချိတ်ဆက်ဆောင်ရွက် ပေးခြင်း၊SME လုပ်ငန်းများ လုပ်ငန်းစီမံခန့်ခွဲမှုအရည်အသွေး တိုးတက်စေရေး၊ နိုင်ငံတကာ ဈေးကွက် အတွင်း ယှဉ်ပြိုင်နိုင်မည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး သင်တန်းများ စဉ်ဆက်မပြတ် ပို့ချပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းကျဆင်းစေရေးတို့ကို ရှေးရှုဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး အနာဂတ်ကာလတွင်လည်းအောင်မြင်မှုများရရှိရန် အားသွန်ခွန်စိုက်ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ။

 

သူရဇော်



HOT NEWS
January 4,