တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅ /၂၀၁၈)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅ /၂၀၁၈)ကျင်းပ


/ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ / October 11, 2018


(၁၁.၁၀.၂၀၁၈)ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၂)၌  တနင်္သာရီတိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၅/၂၀၁၈)အား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးမြေယာကိစ္စများအထူးစိစစ်ရေးကော်မတီ နာယကများဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီး မြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးနှင့် တိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီဥက္ကဋ္ဌ ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီအစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒနယ်မြေအတွင်းရှိ မြေယာပြဿနာများကို အသိဆုံးဖြစ်၍ ထဲထဲဝင်ဝင် ဆွေးနွေးပေးရန်နှင့် ကွင်းဆင်းသင့်သည့်ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်ရေး ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ဆွေးနွေးပြောကြားပါသည်။ တိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ် ရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး က အစည်းအဝေး တွင် ဆွေးနွေးသောအမှုတွဲများသည် အထူးကိစ္စရပ်များဖြစ်သဖြင့် အဆိုပါကိစ္စများအား လုပ်သင့်လုပ်ထိုက်သည်များ မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရေးအတွက် အချိန်ယူ၍ စေ့စေ့စပ်စပ် ဝိုင်းဝန်းဆွေးနွေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ အကြံပြုတင်ပြနိုင်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပါသည်။ ထိုနောက် တနင်္သာရီတိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးမှ ဆွေးနွေးဆုံးဖြတ်မှတ်တမ်းတင်ရမည့် အမှုတွဲများနှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်များအပေါ် ဆွေးနွေးတင်ပြကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး မြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီဝင်များမှ အသီးသီးဆွေးနွေးကြပါသည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး (၁၆၅၀)နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

   

HOT NEWS
January 4,