(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် တတိယအကြိမ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် တတိယအကြိမ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 08, 2018


ဘားအံ- နိုဝင်ဘာ(၇)
 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဆုပေးပွဲကို ပြည်နယ်သူ/ပြည်နယ်သားများ ပျော်ပွဲရွှင်ပွဲတစ်ရပ်အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြစေရန်၊ မြန်မာ့ရိုးရာအမွေအနှစ် ရိုးရာအားကစားနည်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရည်ရွယ်ပြီး တတိယအကြိမ်ထည့်သွင်း ကျင်းပခဲ့ရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀) နာရီခွဲ အချိန်က ဘားအံမြို့ကန်သာယာကန်အတွင်း ကျင်းပသည်။
 (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ရိုးရာလှေလှော်ပြိုင်ပွဲကို နိုဝင်ဘာလ(၅)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အထိ ကျင်းပခဲ့ရာ အမျိုးသား(၅)တက်လှော်ပြိုင်ပွဲတွင် (၂၃)သင်း၊ အမျိုးသား(၃)တက်လှော် ပြိုင်ပွဲတွင် (၂၂)သင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် (၂၃)ဦး၊ အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲတွင် (၈)သင်း၊ အမျိုးသမီး(၃)တက်လှော်ပြိုင်ပွဲတွင် (၉)သင်း၊ အမျိုးသမီးတစ်ဦးချင်ပြိုင်ပွဲတွင် (၂၁)ဦးတို့သည် နောက်ဆုံး ဗိုလ်လုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကြရာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးစောစံလင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဒေသခံလှေလှော်ဝါသနာရှင်များကကြည့်ရှုအားပေးကြသည်။
 ဗိုလ်လုပွဲအပြီးတွင် ဆုရရှိသော အမျိုးသာ(၅)တက်လှော်ပြိုင်ပွဲတွင် စေတနာဒေါင်းဒင်္ဂါးအသင်း၊ ဒုတိယဆုရ အိုးစတားအသင်း၊ တတိယဆုရ လင်းယုန်(က)အသင်း၊ စတုတ္ထဆုရ ဆယ်အိမ်စုအသင်း၊ အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရ စံပယ်ဖြူအသင်း၊ ဒုတိယဆုရ တဝယ်မှိုင်းချိုအသင်း၊ တတိယဆုရ မုက္ကဒိအသင်း၊ စတုတ္ထဆုရ မိကရင်(၁)အသင်း များအားလည်းကောင်း၊ အမျိုးသား/အမျိုးသမီး (၃)တက်နှင့် တစ်ဦးချင်းပြိုင်ပွဲများတွင်ဆုရရှိသူများနှင့် အထူးဆုရရှိအသင်းများအား အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့်တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

HOT NEWS
January 4,