လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ စစ်တွေ / January 11, 2019
image_latest


စစ်တွေ ဇန်နဝါရီ  ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ည ၆နာရီခွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး တိုက်ပွဲရှောင်ဒေသခံ ပြည်သူများအတွက် အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းလျက်ရှိပါကြောင်း၊ စနစ်တကျ ပြန်လည်နေရာချထားခြင်း မပြုနိုင်သေးမီ လိုအပ်ချက်များစွာရှိသည်ကို နားလည်သိရှိပါကြောင်း၊ ရိက္ခာများ၊ ငွေကြေးနှင့် အတူ ထောက်ပံ့ပစ္စည်းများကို တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဖြူးပေး သွားမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ရခိုင် တိုင်းရင်းသားများနှင့် ဒေသခံများ၏ ဒုက္ခခံစားရမှုများ၊ စိုးရိမ်ပူပန်များကို မေတ္တာတရားကို အခြေခံပြီး ကြိုးစားဖြည့်ဆည်းဆောင်ရွက် နေပါကြောင်း၊ အပြန်အလှန် ပွင့်လင်းမြင်သာ မှုဖြင့် ယုံကြည်မှုရှိရှိ လက်တွဲဆောင်ရွက်ကာ နိုင်ငံတော်နှင့် တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ ရေရှည်ကောင်းကျိုးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘေးဒုက္ခခံစားနေရသောတိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသား များနှင့် ဒေသခံပြည်သူ အိမ်ထောင်စု ၉၇၀၊ လူဦးရေ ၄၄၇၀ အတွက် ဆန်ရိက္ခာ တစ်လစာငွေကျပ် သိန်း ၄၀၀ ကျော်နှင့် မြက်ဖျာနှင့်စောင် တန်ဖိုးငွေကျပ် ၉၉ သိန်းကျော် တို့ကို ထောက်ပံ့ ပေးအပ်ရာတိုက်ပွဲရှောင် မိသားစုများ ကိုယ်စားလှယ်များက လက်ခံပြီး တိုက်ပွဲရှောင် ပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ် ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများအတွက် ငွေကျပ်သိန်း ၂၀၀ ကျော်ကို ကနဦး ထောက်ပံ့ ပေးခဲ့ပြီး ယခုငွေကျပ် သိန်းငါးရာကျော်ဖိုး ထောက်ပံ့ပေးအပ်ခဲ့ရာ  စုစုပေါင်းငွေကျပ်သိန်း ၇၀၀ ကျော်ဖိုး ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,