နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်မည်

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်မည်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / April 16, 2019
image_latest


နေပြည်တော် ဧပြီ ၁၅

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ၁၃၈၁ ခုနှစ် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် စကားများကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့မှ ထုတ်လွှင့်သွားမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို မြန်မာ့ရုပ်မြင်သံကြားမှ ဧပြီ ၁၇ ရက်နံနက် ၈ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီးတွင်လည်းကောင်း၊ ဧပြီ ၁၈ ရက်နံနက် ၈ နာရီ သတင်းအပြီးတွင်လည်းကောင်း ထုတ်လွှင့်သွားမည် ဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုမှ ဧပြီ ၁၇ ရက်နံနက် ၈ နာရီ၊ နံနက် ၁၁ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများ အပြီးနှင့် ဧပြီ ၁၈ ရက် နံနက် ၈ နာရီသတင်းအပြီးတွင် လည်းကောင်း ထုတ်လွှင့် သွားမည် ဖြစ်သည်။

အလားတူ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင်သံကြားမှ ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ ညနေ ၄ နာရီ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို မြန်မာ့ရုပ်မြင် သံကြားမှ ဧပြီ ၁၇ ရက် မွန်းတည့် ၁၂ နာရီ၊ ညနေ ၄ နာရီ ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်းကောင်း ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံ ရေဒီယိုမှ ဒုတိယသမ္မတနှစ်ဦး၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို ဧပြီ ၁၇ ရက် နံနက် ၈ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများအပြီးနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ နှုတ်ခွန်းဆက်စကားများကို ဧပြီ ၁၇ ရက်နံနက် ၁၁ နာရီ၊ ညနေ ၄ နာရီခွဲ၊ ည ၈ နာရီ သတင်းများအပြီးတွင် လည်းကောင်း ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်

HOT NEWS
January 4,