(၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ

(၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 16, 2019
image_latest


ရန်ကုန် မေ ၁၆

စွယ်စုံမီဒီယာဂရု(ပ်) (SweSone Media Group) ၏ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်မည့် (၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆုအတွက် ဆုရရှိသူများစာရင်းကို  ဆုရွေးချယ်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ဆုရရှိသူများမှာ သုတစွယ်စုံတစ်သက်တာ စာပေဆုအတွက် ဒေါက်တာခင်အေး (ဆရာ မောင်ခင်မင်-ဓနုဖြူ)၊ စာပဒေသာ ဘာသာရပ်အတွက် ဒေါက်တာအောင်ကြီး၏ "ကဗျာလူ စာလူ အရပ်ဝတ်အင်္ကျီနဲ့လူ" ၊ လူမှုစီးပွားဘာသာရပ်အတွက် စိန်လင်း (ခွဲစိတ်နှင့် ကင်ဆာပါရဂူ)၏ " ခေါင်းဆောင်မှုအနုပညာ" ၊ လူငယ်စာပေ ဘာသာရပ် အတွက် လင်္ကာရည်ကျော်၏ " သားသို့..." ၊ ဝိဇ္ဇာဘာသာရပ်အတွက် နွယ်ဦးလှိုင်၏ " မဇ္စျိမပြတိုက်" ၊ သုတသိပ္ပံဘာသာရပ်အတွက် ဒေါက်တာခင်မောင်လွင်၏ " လိုအပ်နေ သောရေဥပဒေ " နှင့် အသုံးချသိပ္ပံဘာသာရပ်အတွက် မီးအိမ်ရှင် ဒေါက်တာနိုက်တင် ဂေးလ်၏ " အသက်ကြီးသော်လည်း မပျက်စီးသေးသူများနှင့် ကျန်းမာရေးအသိပညာ ပေးဆောင်းပါးများ" တို့ ဖြစ်ကြသည်။

အထက်ပါဆုများကို တစ်သက်တာ စာပေဆုအတွက် ငွေကျပ် သိန်း ၂၀ နှင့် စာအုပ်ဆုများအတွက် စာရေးဆရာတစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းစီ ချီးမြှင့်မည်ဖြစ် သည်။

သုတစွယ်စုံစာပေဆုကို ၂၀၀၆ ခုနှစ်မှ စတင်၍ နှစ်စဉ်ချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် (၁၄)ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များ မှ ရွေးချယ်ခြင်းဖြစ်သည်။ စုစုပေါင်း ၁၂ ဆုချီးမြှင့်ရန် လျာထားသော်လည်း ယခုနှစ် အတွက် န်ိုင်ငံရေးစာပေ၊ နိုင်ငံတကာရေးရာ၊ ဘာသာပြန်စာပေ၊ အတ္ထုပ္ပတ္တိစာပေနှင့် ရည်ညွှန်းစာပေဘာသာရပ်များအတွက် ဆုချီးမြှင့်နိုင်ခြင်းမရှိ၍ ဆု ၇ ဆုသာ ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။

ဆုချီးမြှင်ပွဲကို ရန်ကုန်မြို့တွင် ယခုနှစ် ဇွန်လ၌ ကျင်းပရန် စီစဉ်ထားပြီး ဆုချီးမြှင့် မည့် ရက်၊ အချိန်နှင့် နေရာကို ဆက်လက် အသိပေးကြေညာမည်ဖြစ်ကာ ဆုရရှိသူများ သည် စွယ် စုံမီဒီယာဂရု(ပ်) ဖုန်း -၀၁ ၃၈၅၂၉၃ ၊ ၈၃၉၂၇၃၉ နှင့် ၃၇၄၄၀၀ သို့ အမြန် ဆက်သွယ်သတင်းပို့ကြပါရန် အကြောင်းကြားထားကြောင်းသိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,