ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြေပုံမြို့နယ်အတွင်းရှိ ပြန်လည် နေရာချထားရေး စခန်းတွင် နေထိုင်သူများနှင့်တွေ့ဆုံ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြေပုံမြို့နယ်အတွင်းရှိ ပြန်လည် နေရာချထားရေး စခန်းတွင် နေထိုင်သူများနှင့်တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 11, 2019
image_latest


မြေပုံ ဇူလိုင် ၁၁
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်တို့နှင့်အတူ ယနေ့ တွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းရှိ ပြန်လည်နေရာချထားရေး စခန်းတွင် နေထိုင် သူများနှင့်တွေ့ဆုံသည်။
ရှေးဦးစွာ အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ခဲ့ရပြီး ယခုအခါ နိုင်ငံတော်က အိမ်ယာများပြန်လည် တည်ထောင်ပေးခဲ့ကာ အခြေချနေ ထိုင်လျက်ရှိသည့် ရခိုင် တိုင်းရင်းသားများကို မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ နေထိုင်စား သောက်မှုအခြေအနေများ၊ လိုအပ်ချက်များကို မေးမြန်း၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် အားပေးစကား ပြောကြားသည်။
ထို့နောက် အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် မြေပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ရခိုင် အမျိုးသမီးငယ်များအဖွဲ့နှင့် တွေ့ဆုံသည်။
ဆက်လက်၍ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ဒုတိယဝန်ကြီး၊ ပြည်နယ် ဝန်ကြီးတို့နှင့်အတူ မြေပုံမြို့ တောင်ပေါ် ရပ်ကွက်ရှိ IDP စခန်းသို့သွားရောက်၍ နေထိုင်စားသောက်မှု အခြေအနေများ၊ ပညာ သင်ကြားနေမှုနှင့် ကျန်းမာရေး စောင့်ရှောက် ပေးနေမှုအခြေ အနေများ ကိုတွေ့ဆုံမေးမြန်းသည်။
ထို့နောက် အထူး ကိုယ်စားလှယ်နှင့်အဖွဲ့သည် အဆိုပါ IDP စခန်းရှိ အမျိုးသမီး များနှင့်မိန်းကလေး ငယ်များစင်တာ၌ စခန်းရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များအား တွေ့ဆုံသည်။
ယင်းနောက် မြေပုံမြို့မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိပြီး စစ်တွေမြို့ရှိ ရခိုင် ပြည်နယ်လွှတ်တော်သို့ သွားရောက်၍ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် တွေ့ဆုံပြီး Royal Sittwe Hotel ၌ စစ်တွေမြို့ရှိ အမျိုးသမီး အဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။
(သတင်းစဉ်)

HOT NEWS
January 4,