မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီးများ တွေ့ဆုံ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီးများ တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 18, 2019
image_latest


ရန်ကုန် ဇူလိုင် ၁၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများအား ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ အောင်ထွန်းသက်နှင့် ဦးအေးလွင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် သက်ဆိုင်ရာဌာနများမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် စီးပွားရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံအတွက်သာမက အာဆီယံ နိုင်ငံများအတွက်ပါ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးအမြတ်များစွာရရှိရန် အထောက်အကူပြုပါကြောင်း၊ တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနည်းလမ်းများမှာ မိမိတို့အားလုံးအတွက် အရေးပါသည့် အချက်ဖြစ်ပါကြောင်း ပြောကြား သည်။

တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင် (၉) နိုင်ငံမှ သံအမတ်ကြီးများက ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးများ၏ ဆွေးနွေးချက်များအား ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။

(သတင်းစဉ်)

HOT NEWS
January 4,