ကျွန်းစုမြို့နယ်အတွင်း မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ကျွန်းစုမြို့နယ်အတွင်း မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ပြန်ကြားရေးဝန်ကြီးဌာန/ တနင်္သာရီတိုင်းဒေသကြီး / August 13, 2019
image_latest


ကျွန်းစု ဩဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဩဂုတ်လ(၁၀)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မြေများပြိုကျမှုကြောင့် နေအိမ်များ ဆုံးရှူံးပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ယနေ့နံနက်  (၉)နာရီအချိန်က မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးနှင့် တာဝန်ရှိသူများက အားပေး စကား ပြောကြား၍ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ယင်းသို့ပေးအပ်ရာတွင် ကျွန်းစုမြို့နယ်၊ သဘာဝဘေးဒဏ်စီမံခန့်ခွဲရေးကော်မတီ က ထောက်ပံ့ငွေအဖြစ် နေအိမ် (၁)လုံးလျှင် ငွေ(၁)သိန်းကျပ်အား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ကျွန်းစုမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမင်းဦးတို့မှ လည်းကောင်း၊ သဘာဝဘေးဒဏ်စီမံခန့်ခွဲရေးကော်မတီမှ ထောက်ပံ့ငွေ (၁)သိန်းစီ၊ ဘေး အန္တရာယ် စီမံ ခန့်ခွဲမှုဆိုင်ရာ ဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးစီ၊ အိမ်ဆောက် ပစ္စည်းဖိုး (၁)သိန်း ကျပ်စီ၊ ပြောင်းရွေ့နေထိုင်သူအားလုံးအတွက် ဆန်ဖိုးထောက်ပံ့ငွေတစ်ဦးလျှင်(၂၁၀၀)ကျပ်နှုန်းနှင့် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းမှ မိသားစုသုံးပစ္စည်း တစ်စုံ၊ ပစ္စည်းအမျိုးအစား(၁၈)မျိုးပါ တစ်ကိုယ်ရေသုံး ပစ္စည်းတစ်စုံ၊ အမျိုး သမီးသုံးပစ္စည်းတစ်စုံ၊ ရေသန့်ထည့်ပုံး တစ်ပုံး၊ အိမ်ဆောက်ပစ္စည်းတစ်စုံ၊ ဆန်(၁၂)ပြည်ဝင် (၁)အိတ်၊ ခေါက် ဆွဲ ခြောက်(၁)ဖာ၊ (၁)ပိဿာ(၅၀)ကျပ်သားဝင် စားဆီဗူး(၁)ဗူးစီတို့ကို တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)

အထူးသတင်း
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •