မူဆယ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရပ်ကွက်အချို့တွင် မြေပြိုမှုနှင့် ရေလျှံမှုဖြစ်ပွား

မူဆယ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရပ်ကွက်အချို့တွင် မြေပြိုမှုနှင့် ရေလျှံမှုဖြစ်ပွား


ပြန်ကြားရေးဝန်ကြီးဌာန/ မူဆယ် / August 13, 2019
image_latest


မူဆယ် ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မူဆယ်မြို့ ရပ်ကွက် အချို့တွင် မြေပြိုမှုနှင့် ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မူဆယ်မြို့၊ စက်မှုရပ်ကွက်၊ ခရစ်ယာန်ရပ်ကွက်နှင့် ရပ်ကွက် အချို့တို့တွင် မြေပြိုမှုများနှင့် ရေလျှံမှုများဖြစ်ပွားခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွား သည့် ခရစ်ယာန် ရပ်ကွက်နေ ရပ်ကွက်သူ၊ ရပ်ကွက်သားများက မိုးဆက်လက် ရွာသွန်း၍ မပြိုမှုများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရသည်။ “ မနက်ကတည်းက မိုးရွာနေတာကြောင့် အိမ်ရဲ့အပေါ်ဘက် မြေတွေ ပြိုကျလာတယ်၊ ဒီညလည်း မိုးဆက်ရွာနေရင် ပြိုကျလာမှာကြောက်လို့ အိမ်မှာမအိပ်ရဲဘူး၊ ဘေးအိမ် တွေမှာပဲ လောလောဆယ် ပြောင်းနေရတယ်”လို့ ခရစ်ယာန်ရပ်ကွက်နေ ဒေါ်ဖြူမာခင်က ပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ခရစ်ယာန်ရပ်ကွက်၊ ဆင်ဖြူလမ်းရှိ အပေါ်ဘက် အိမ်တစ်လုံး တစ်ပေခန့် မြေကျုံကျသွားခြင်း၊ အိမ်သာများ ကျိုးပေါက်ခြင်းများနှင့် မြေများ အက်ကွဲခြင်း တို့ကြောင့် မိုးဆက်လက် ရွာသွန်းမည် ဆိုပါက အပေါ်ဘက်မှ မြေများပြိုကျ လာနိုင်ကြောင်း သိရသည်။ အလားတူ စက်မှု ရပ်ကွက်နှင့် ရပ်ကွက် အချို့တို့တွင် ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဩဂုတ်(၁၀)ရက်နေ့တွင် မိုးသည်း ထန်စွာ ရွာသွန်း ခြင်းကြောင့် စက်မှုရပ်ကွက်တွင် အိမ်နောက်ဖေး မြေပြိုမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

HOT NEWS
January 4,