(၁၃)ကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် အမျိုးသမီးညီလာခံ တက်ရောက်ရန် အမျိုးသမီး ကင်းထောက်ချုပ်နှင့် အဖွဲ့ တရုတ်နိုင်ငံသို့ ထွက်ခွာ

(၁၃)ကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် အမျိုးသမီးညီလာခံ တက်ရောက်ရန် အမျိုးသမီး ကင်းထောက်ချုပ်နှင့် အဖွဲ့ တရုတ်နိုင်ငံသို့ ထွက်ခွာ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 14, 2019
image_latest


ရန်ကုန် ဩဂုတ် ၁၃

(၁၃) ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက် အမျိုးသမီး ညီလာခံ (13th Asia Pacific Regional Conference at Taiwan) သို့ တက်ရောက်ရန် မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီး အဖွဲ့ ကင်းထောက် ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်၊ နိုင်ငံတကာ အမျိုးသမီး ကင်းထောက် မှူးချုပ် ဒေါ်ဟယ်လင်မျိုးတင်နှင့် သင်တန်းမှူး ဒေါ်လင်းလင်းထိုက် တို့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နယူးတိုင်ပေ စီးတီးသို့ ဩဂုတ် ၁၂ ရက် ညပိုင်းက ထွက်ခွာ ကြရာ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စော ဥမ္မာနှင့် အမျိုးသမီးကင်းထောက်ကြီး များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြ သည်။

(၁၃)ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာကင်းထောက် အမျိုးသမီး ညီလာခံကို ဩဂုတ် ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ရာ အာရှပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံ ၂၆ နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ခုနစ်နိုင်ငံမှ ကင်းထောက် အမျိုးသမီး ကိုယ်စားလှယ်များနှင့် မြန်မာကင်းထောက် အမျိုးသမီး ကိုယ်စား လှယ်များက နိုင်ငံအလိုက် ကင်းထောက်အမျိုးသမီးများ လှုပ်ရှား ဆောင်ရွက်မှု၊ ကမ္ဘာ့ကင်းထောက် လှုပ်ရှားမှု အဖွဲ့ကြီး (WOSM)မှ ကိုယ်စားလှယ်များနှင့် အမျိုးသား အမျိုးသမီး ကင်းထောက်အဖွဲ့များ ဆက်သွယ် ဆောင်ရွက်မှု၊ အမျိုးသမီး များ အကြမ်းဖက်မှုဆိုင်ရာ ကာကွယ် တားဆီးရေးနှင့် ပတ်သက်ပြီး ပညာပေး လုပ်ငန်း များကို ကင်းထောက် အမျိုးသမီးများ ပူးပေါင်း ဆောင်ရွက် မည့် အစီအစဉ်၊ နိုင်ငံအချင်းချင်း ပူးပေါင်း ညှိနှိုင်း ဖြေရှင်းရေး၊ ရှေ့ လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန် တိုးတက်စေရန် စီမံဆောင် ရွက်မည့် အစီအစဉ်များကို ဆွေးနွေး ကြ မည်ဖြစ်သည်။ 
အဆိုပါ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ကင်းထောက်အမျိုးသမီး ညီလာခံကို သုံးနှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

 

HOT NEWS
January 4,