အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၉) ကျင်းပ

အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၉) ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 26, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၆

 

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၉) ကို ယနေ့နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြီးနောက်ပိုင်းတွင် လျှပ်စစ် ကဏ္ဍနှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကဏ္ဍများ၌ ထူးခြားသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိရေး ရည်မှန်းချက် အောင်မြင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် မဟာဓာတ်အားလိုင်း ပြင်ပဒေသများကို နည်းမျိုးစုံဖြင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ မာန်အောင်ကျွန်းနှင့် ကိုကိုးကျွန်းဒေသများအား ဆိုလာဖြင့် လျှပ်စစ်မီးဖြန့်ဖြူး ပေးနိုင်ရေးကို စီမံကိန်းများချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်ပြည့်မြဲ စွမ်းအင် စီမံကိန်းများ အကောင်အထည်ဖော်ရန် အဆိုပြုချက်များ လက်ခံရရှိ ထားပါကြောင်း၊ အဆိုပါ စီမံကိန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင် ရေးအတွက် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာများ ရေးဆွဲပြဋ္ဌာန်းရေးနှင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီကို အထောက်အကူပြုနိုင်ရန် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမည့် အဆိုပြုအစီအမံများ၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စီမံကိန်း အဆိုပြုချက်များနှင့် ရန်ကုန် လျှပ်စစ် ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးမင်းစိန်က ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ဥပဒေရေးရာ အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် အစည်းအဝေး တက်ရောက်လာသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အမျိုးသား အဆင့်ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,