ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် အင်ဒိုနီးရှားနိုင်ငံ၊ အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Utut Adianto Wahyuwidayat ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်/ နေပြည်တော် / December 06, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် အင်ဒိုနီးရှားနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Utut Adianto Wahyuwidayat ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ- အင်ဒိုနီးရှား နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း၊ ပြည်သူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ရေးရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်သိန်း၊ ဦးစိုးသူရထွန်း၊ ဦးခင်အေး၊ ဦးကြည်မိုးနိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

HOT NEWS
January 4,