ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီး Mr. Joao Freitas de Camara အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီး Mr. Joao Freitas de Camara အား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 11, 2019
image_latest


နေပြည်တော်၊ ဇူလိုင် ၁၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ နံနက်ပိုင်း တွင် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီး Mr. Joao Freitas de Camara အား ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စ၊ နိုင်ငံတကာ ခရီးသည်များ လွယ်ကူစွာသွားလာ လည်ပတ်နိုင်စေရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရန် ဗီဇာဖြေလျော့ပေးထားမှု၊ ခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ခြင်းနှင့် ခရီးစဉ်ဒေသများကို နိုင်ငံတကာသို့ မြှင့်တင် ကြော်ငြာနိုင်ရေးအတွက် Digital Marketing လုပ်ငန်း ဆောင်ရွက် နေမှု၊ ရပ်ရွာ လူထု အခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)

HOT NEWS
January 4,