ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ Resident Representative, Mr. Peter Batchelor အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ Resident Representative, Mr. Peter Batchelor အား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 15, 2019
image_latest


နေပြည်တော် မေ ၁၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (United Nations Development Programme - UNDP) ၏ Resident Representative , Mr. Peter Batchelor နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် "Air Pollution" ခေါင်းစဉ်ဖြင့် အထိမ်းအမှတ် အခမ်းအနား၊ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရေးဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများနှင့် အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကို သစ်တောကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍတို့တွင် အကောင်အထည် ဖော် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုအပေါ် ထိခိုက်နိုင်ခြေများ စီမံဖြေရှင်းရေးအတွက် သောက်သုံးရေ ရရှိရေး၊ ရာသီဥတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် နည်းပညာထောက်ပံ့ရေး၊ ရခိုင်ဒေသရှိ ပြည်သူတို့၏ လူနေမှုဘဝအတွက် အရေးပါပြီး သဘာဝဘေးအန္တရာယ်မှ အကာအကွယ်ပေးနိုင်သည့် ဒီရေတော ပြန်လည်တည်ထောင်ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,