ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့အကြား ပူးပေါင်းအကောင် အထည်ဖော် မည့် UNFPA ၏ စတုတ္တအကြိမ် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၁၈ - ၂၀၂၂) ဆိုင်ရာ Letter of Agreement (LoA) လက်မှတ်ရေးထိုးပွဲ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့အကြား ပူးပေါင်းအကောင် အထည်ဖော် မည့် UNFPA ၏ စတုတ္တအကြိမ် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၁၈ - ၂၀၂၂) ဆိုင်ရာ Letter of Agreement (LoA) လက်မှတ်ရေးထိုးပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် UNFPA ၏ စတုတ္တအကြိမ်နိုင်ငံဆိုင်ရာ လုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၂၂)နှင့်စပ်လျဉ်းသည့် Letter of Agreement (LoA) ကို မြန်မာနိုင်ငံအစိုးရ ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက် သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNFPA ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ UNFPA Representative, Mr. Ramanathan Balakrishnan တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အ‌ဝေးခန်းမ၌ လက်မှတ်ရေးထိုးသည်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ UNFPA နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိ သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် UNFPA တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်သည်။
UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၂၂) ကို သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များ နှင့် ညှိနှိုင်းဆွေးနွေးရေးဆွဲထားခြင်းဖြစ်ပြီး UNFPA ၏ ပုံမှန်ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁၀ ဒသမ ၅) သန်း၊ အခြားရန်ပုံငွေ အမေရိကန်ဒေါ်လာ (၉ ဒသမ ၅) သန်း၊ စုစု ပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြင့် မျိုးဆက်ပွား ကျန်းမာရေး၊ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီး ကဏ္ဍမြှင့်တင်ရေး၊ လူဦးရေဆိုင်ရာကဏ္ဍများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ငန်း စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
UNFPA အနေဖြင့် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ်များအား ယခင်ကလည်းဆောင်ရွက်ခဲ့ရာ ပထမ အကြိမ် (၂၀၀၂-၂၀၀၆) ကို အမေရိကန်ဒေါ်လာ (၁၆) သန်း၊ ဒုတိယအကြိမ် (၂၀၀၇-၂၀၁၁) ကို အမေရိကန်ဒေါ်လာ (၂၅ ဒသမ ၂) သန်းဖြင့် တတိယအကြိမ် (၂၀၁၂-၂၀၁၇)ကို အမေရိကန် ဒေါ်လာ (၃၇ ဒသမ ၅) သန်းဖြင့် မျိုးဆက်ပွား ကျန်းမာရေး၊ ကျား/မတန်းတူညီမျှ ရေးနှင့် အမျိုးသမီး ကဏ္ဍမြှင့်တင်ရေး၊ လူဦးရေဆိုင်ရာကဏ္ဍများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,