သတင်း

နောက်ဆုံးရသတင်းများ - ၂၄၃၀၇ ခု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 31, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီ အစည်းအဝေးအမှတ် စဉ်(၄/၂၀၂၁)အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

ကိုဗစ်အလွန်ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေး ခရီးစဉ်ဒေသများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှု့စစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on August 31, 2021

ကိုဗစ်အလွန်ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေး ခရီးစဉ်ဒေသများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှု့စစ်ဆေး

ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on August 31, 2021

ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

မြဝတီမြို့၌ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ စတင်ထိုးနှံပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on August 31, 2021

မြဝတီမြို့၌ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ စတင်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 31, 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

အကြမ်းဖက်သူ အမျိုးသား လေးဦးက သေနတ်ဖြင့် ခြိမ်းခြောက်၍ ကမ္ဘာ့ရတနာဘဏ်မှ ငွေကျပ်သိန်းတစ်ထောင်ခန့်အား လုယက်ယူဆောင်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 31, 2021

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ အကြမ်းဖက်သူ အမျိုးသား လေးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ခြိမ်းခြောက်၍ ကမ္ဘာ့ရတနာဘဏ်မှ ငွေကျပ်သိန်းတစ်ထောင်ခန့်ကို လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 31, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ သားငါးများကို ဈေးနှုန်း မှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ် တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 31, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၆ ခုမှ အိမ်သုံးဆေးဝါး ၂၁၄ မျိုးက ရောင်းချပေးလျက်ရှိပြီး ၃၂ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။

ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝင်းအတွင်း၌ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၈၀ လုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံ စတင်ဖွင့်လှစ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 31, 2021

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 31, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။