သတင်း

နောက်ဆုံးရသတင်းများ - ၇၄၉၉၈ ခု

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး ရေဒီယိုဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Studio (C) ၌ ကျင်းပရာ ရန်ကုန်မြို့ လှိုင်သာယာ(အနောက်) အထက(ခွဲ)၊ အလက(၁၈)၊ရန်ကုန် မြို့ (စမ်းချောင်း) အထက (၂)၊ ရန်ကုန်မြို့(မင်္ဂလာဒုံ) အလက(၄)၊ ရန်ကုန်မြို့ (သင်္ဃန်းကျွန်း)အထက သုဝဏ္ဏ၊ ရန်ကုန်မြို့ (ဗဟန်း) အလက(၃) တို့မှ ကျောင်းသူ ကျောင်းသား ငါးဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်းဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ် တစ်ခုလျှင် (၆)ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့် ပြခန်းများခင်းကျင်းနေမှု ပြည်​ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်​ဆေး​

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ အခမ်းအနားအတွက် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) (MICC II) ၌ ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့် ပြခန်းများ ခင်းကျင်းနေမှုတို့ကို ယနေ့ ည​နေပိုင်းတွင် ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်း သွား​ရောက်ကြည့်ရှု စစ်​ဆေးအား​ပေးသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ ကျုံမ် အန်းဗွီကြတ် (Mr.CHUM Angvichet) အား ယနေ့မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ် ပြည်ပသို့ တင်ပို့မှုများချင့်ချိန်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

မြန်မာတို့၏ နေ့စဉ်အဓိကစားသုံးမှုတွင် ဆန်က ပထမ၊ ဆီက ဒုတိယဖြစ်သည်။ အဓိကစားသုံးသီးနှံ ဆန်နှင့်ဆီတို့ကို ပြည်တွင်း ၌ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ဆန်သာလျှင် ဖူလုံပြီး ဆီမဖူလုံမှုကြောင့် လိုအပ်သမျှကို ပြည်ပမှ ဝယ်ယူတင်သွင်းရသည်။ ပြည်တွင်းဆီထုတ်လုပ်မှုမပါ နှစ်စဉ်ပြည်ပမှ ဆီတန်ချိန် ရှစ်သိန်းမှ ကိုးသိန်းအထိ တင်သွင်းနေရခြင်းဖြစ်ရာ ပြည်တွင်း ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းဆီ ဖူလုံရေးအတွက် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးကြိုးပမ်းဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲ၊ ပြောင်း၊ နှမ်း စသည့် ဆီထွက်သီးနှံများကို ပြည်ပသို့တင်ပို့မှုရှိသော်လည်း စားသုံးဆီကို ပြည်တွင်းလိုအပ်ချက်ရှိသမျှ ပြည်ပမှတင်သွင်းနေရသည်။ ဆီထွက်သီးနှံများ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ပြည်ပမှ စားသုံးဆီတင်သွင်းနေရမှုကို ဆန်းစစ်သုံးသပ်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့် စားသုံးဆီထုတ်လုပ်နိုင်မှု ကွာခြားနေသည့်အခြေအနေကို အဖြေရှာဆောင်ရွက်ကြရမည်ဖြစ်သည်။

ကြို့ပင်ကောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on April 25, 2024

ကြို့ပင်ကောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြစ်သားမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့မှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on April 25, 2024

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြစ်သားမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့မှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ

သရက်မြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on April 25, 2024

သရက်မြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

သံတောင်ကြီးမြို့နယ် ငှက်ပျောတော (အထက်)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on April 25, 2024

သံတောင်ကြီးမြို့နယ် ငှက်ပျောတော (အထက်)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

HOT NEWS
January 4,