ဒီပလိုမာ(ဗုဒ္ဓဓမ္မ) ဝင်ခွင့်လျှောက်ထားခြင်း
ဒီပလိုမာ(ဗုဒ္ဓဓမ္မ) ဝင်ခွင့်လျှောက်ထားခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / April 10, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
သတ်မှတ်ထားခြင်းလျှောက်ထားလိုသူသည် အသက် (၁၈)နှစ်မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
ပြည်တွင်းပညာအရည်အချင်း
- ဓမ္မာစရိယတန်းအောင် (ရဟန်း)
- တက္ကသိုလ်တစ်ခုခုမှဘွဲ့ရ (သီလရှင်/လူပုဂ္ဂိုလ်)
- အင်္ဂလိပ်စာ (ရေး/ဖတ်/ပြော) ကျွမ်းကျင်ရမည်။
ပြည်ပပညာအရည်အချင်း
- အထက်တန်းအဆင့် (Matriculation) မြန်မာနိုင်ငံ၏တက္ကသိုလ်
- ဝင်တန်းနှင့် အဆင့်တူစာမေးပွဲ အောင်မြင်ရမည်။
- အင်္ဂလိပ်စာ (ရေး/ဖတ်/ပြော) ကျွမ်းကျင်ရမည်။
လိုအပ်သောစာရွက်စာတမ်းများ
အောင်လက်မှတ်မူရင်း၊ ဓါတ်ပုံ၊ Passport မိတ္တူ၊ ကူးစက်ရောဂါနှင့် စိတ်ရောဂါကင်းရှင်းကြောင်း မိမိနိုင်ငံမှ အသိအမှတ်ပြု ကျန်းမာရေး ဌာနတစ်ခုခု၏ ထောက်ခံချက်
ဝန်ဆောင်ခ
မရှိပါ။
လျှောက်ထားရန် အဆင့်များ
ပြည်တွင်းမှ လျှောက်ထားလိုသူများသည် ဤတက္ကသိုလ်မှလျှောက်လွှာ နှင့်အတူ လျှောက်ထားနိုင်ပြီး၊ ပြည်ပမှ လျှောက်ထားလိုသူများသည် မိမိ နိုင်ငံရှိ မြန်မာသံရုံး များမှတစ်ဆင့် လိုအပ်သောစာရွက်စာတမ်းများနှင့် အတူ လျှောက်ထားနိုင်သည်။
ဝင်ခွင့်စာမေးပွဲ (ရေးဖြေ၊ နှုတ်ဖြေ)
(က) အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုရမည့်မေးခွန်းလွှာများ
(၁) တက္ကသိုလ်ဝင်ခွင့်အဆင့်ရှိ အင်္ဂလိပ်စာကျွမ်းကျင်မှုမေးခွန်းလွှာ
(၂) အခြေခံဗုဒ္ဓဘာသာ ဗဟုသုတမေးခွန်းလွှာ
(ခ ) အင်္ဂလိပ်ဘာသာဖြင့် လူတွေ့ဖြေဆိုခြင်း
ဆက်သွယ်ရမည့်လိပ်စာ
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ စွယ်တော်မြတ် စေတီတော်အနီး၊ ဓမ္မပါလကုန်းမြေ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်- ၆၅၀၇၁၂၊ ၆၅၀၇၁၃၊ ၆၅၂၆၂၉
ဝန်ဆောင်မှုရရှိမည့် တည်နေရာများ
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ရန်ကုန်မြို့
ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ
Website လိပ်စာ
မေးလေ့ရှိသောမေးခွန်းများ
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဝင်ခွင့်
လျှောက်ထားလိုသူသည် အသက် (၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိသူ ဖြစ်ရမည်။
ကူးစက်ရောဂါ၊ အရေပြားရောဂါ၊ ကာလသားရောဂါ၊ စိတ်ရောဂါ ဝေဒနာများ ကင်းရှင်းသူဖြစ်ရမည်။
ပြည်တွင်းလျှောက်လွှာရှင်များ
ရဟန်းတော်များ ဓမ္မာစရိယတန်း အောင်မြင်ပြီးဖြစ်ရမည်။
သီလရှင်များ၊ လူပုဂ္ဂိုလ်များ (ကျား/မ) တက္ကသိုလ်မှဘွဲ့တစ်ခုခု ရရှိရမည်။
အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော၊ ကျွမ်းကျင်ရမည်။
ပြည်ပလျှောက်လွှာရှင်များ
နိုင်ငံခြားသား ရဟန်းတော်၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများသည် သတ်မှတ်ထားသည့် အထက်တန်းအဆင့် (Matriculation)
မြန်မာနိုင်ငံတွင်ကျင်းပသော အခြေခံပညာအထက်တန်း (သို့) တက္ကသိုလ်ဝင်တန်းနှင့်အဆင့်တူ စာမေးပွဲ အောင်မြင်သူဖြစ်ရမည်။
အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော၊ ကျွမ်းကျင်ရမည်။
ဝင်ခွင့်ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲ အောင်မြင်ရမည်။
မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / June 24, 2020
https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...