ဆိပ်ခံတံတား တည်ဆောက်မည့်နေရာနှင့် တည်ဆောက်ပြီး ဆိပ်ခံတံတားများရှေ့ ရေဒေသများတွင် သောင်တူးလုပ်ငန်း ဆောင်ရွက်ပေးခြင်း





ဆိပ်ခံတံတား တည်ဆောက်မည့်နေရာနှင့် တည်ဆောက်ပြီး ဆိပ်ခံတံတားများရှေ့ ရေဒေသများတွင် သောင်တူးလုပ်ငန်း ဆောင်ရွက်ပေးခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / November 02, 2018

ဆိပ်ကမ်းနယ်နိမိတ်အတွင်း တည်​ဆောက်ပြီးနှင့် တည်ဆောက် ရန်ရှိသော အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားများနှင့် ကမ်းရိုးတန်း သွားဆိပ်ခံတံတားများနေရာတို့တွင် လိုအပ်သော ရေအနက် ရရှိစေ ရန် သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် လျှောက်ထား ရမည်ဖြစ်ပါသည်။

  • ဝန်ဆောင်ခ

သောင်တူးခြင်းလုပ်ငန်းအတွက် မြေတူး/မြေခံရေယာဉ်များ ငှားရမ်းခအဖြစ် (၁)ကုဗမီတာလျှင် (၁၂၀၀)ကျပ်နှင့် ကုန်သွယ် လုပ်ငန်းခွန် ၅% တို့အားဆိပ်ကမ်းကုမ္ပဏီများမှ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်းရမည်ဖြစ်ပြီး    မြေတူး/မြေခံ ရေယာဉ်များအတွက် လိုအပ်သော စက်မောင်းဆီ၊ ချောဆီနှင့် သောင်တူးလုပ်ငန်းနှင့်ဆက်စပ်သည့် အခြားလုပ်ငန်းသုံးပစ္စည်း များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြို့ပြအင်ဂျင်နီယာဌာန၊ သောင်တူးဌာနခွဲ(ဟိုက်ဒရောလစ်ဌာနခွဲ)သို့ ပံ့ပိုး ပေးရမည်ဖြစ်ပါ သည်။

 

  • လိုအပ်သောစာရွက် စာတမ်းများ

(၁)  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူးထံ လိပ်မူ၍ သက်ဆိုင်ရာ ဆိပ်ခံတံတားရှေ့ရေဒေသတွင် သောင်တူးလုပ်ငန်းဆောင်ရွက်ပေးပါရန် လျှောက်ထား တင်ပြသည့်စာ

(၂) ဆိပ်ကမ်းတည်ဆောက်မည့်နေရာ (သို့မဟုတ်) ဆိပ်ခံတံတားရှေ့ရေဒေသ၏ ရေအနက် တိုင်းတာထားသော ရေပုံ

 

  • လျှောက်ထားရန် အဆင့်များ

အဆင့်(၁) - ဆိပ်ခံတံတားရှေ့ရေဒေသတွင် သောင်တူးလုပ်ငန်း ဆောင်ရွက်ပေးပါရန် လျှောက်ထားတင်ပြသည့်စာနှင့် ရေပုံ တို့ကို ပူးတွဲ၍ ပြည့်စုံအောင် ဆောင်ရွက်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်သို့ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

အဆင့်(၂)   -  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ တာဝန်ရှိသူများမှ သက်ဆိုင်ရာဆိပ်ကမ်းနေရာသို့ သွားရောက်၍ သောင်တူး ဖော်ခြင်း လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေအား ကြည့်ရှု စစ်ဆေးမည် ဖြစ်ပါသည်။

အဆင့်(၃) -  ဆိပ်ခံတံတားကုမ္ပဏီမှ တင်ပြလာသော ရေပုံအရ သောင်တူးဖော်ရမည့် နုန်းသောင်ပမာဏအား တွက်ချက်၍ ကျသင့် သည့် မြေတူး/မြေခံရေယာဉ်များငှားရမ်းခနှင့် ကုန်သွယ် လုပ်ငန်း ခွန်တို့အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနသို့ ပေးသွင်း ရန်နှင့် စက်မောင်းဆီ၊ ချောဆီ အပါအဝင် သောင်တူး လုပ်ငန်းသုံး ပစ္စည်းများအား သောင်တူးဌာနခွဲ(ဟိုက်ဒရောလစ် ဌာနခွဲ) သို့ ပံ့ပိုးပေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြို့ပြ အင်ဂျင်နီယာဌာနမှ သက်ဆိုင်ရာ ဆိပ်ခံတံတားကုမ္ပဏီသို့ ညှိနှိုင်းအကြောင်းကြား စာပေးပို့မည်ဖြစ်ပါသည်။

အဆင့်(၄)- ဆိပ်ခံတံတားကုမ္ပဏီမှ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၊ စာရင်းဌာနသို့ ကျသင့်ငွေ ပေးသွင်းပြီးပါက ရာသီဥတု အခြေအနေ၊ မြေတူး/မြေခံရေယာဉ်များ၏ ကြံ့ခိုင်မှုအခြေအနေ၊ ဌာနဆိုင်ရာ သောင်တူးခြင်းလုပ်ငန်းများ၏အခြေအနေနှင့် ပြင်ပငွေအပ်သောင်တူးလုပ်ငန်းများ၏အခြေအနေပေါ်မူတည်၍ တန်းစီဇယားဖြင့် လုပ်ငန်းဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

 

  • ဝန်ဆောင်မှုပေးသည့် ဌာနအား ဆက်သွယ်ရမည့် လိပ်စာ

အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

 

  • ဝန်ဆောင်မှုရရှိမည့် တည်နေရာများ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၁၀)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

 

  • ဝဘ်ဆိုက်လိပ်စာ

http://www.mpa.gov.mm



HOT NEWS
January 4,