သစ်လုံး၊ သစ်ခွဲသားများအား အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချခြင်း


Ministry of Natural Resources & Environmental Conservation / April 09, 2018

ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန

          ကျွန်းသစ်မာသစ်လုံး ၊ သစ်ခွဲသားများ(အထူး)အိတ်ဖွင့်/ တင်ဒါ(Special Open Tender / Open Tender ) စနစ်ဖြင့် ဝယ်ယူရာတွင်စည်းကမ်းချက်များ-

  • သစ်တောဦးစီးဌာနမှ ခွင့်ပြုထားသည့် သစ်စက်၊ သစ်ဆိုင်၊ သစ်အချောထည်နှင့် ပတ်သက်သည့် လုပ်ငန်းလိုင်စင်ရှိသူများသာ POသွင်းပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိသည်။ PO တစ်စောင် အတွက် ပေးသွင်း သူ(၂)ဦးသာ တင်ဒါခန်းမအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်။ တင်ဒါခန်းမအတွင်းဝင်ရောက်၍ တင်ဒါဈေးနှုန်း တင်သွင်းလွှာတွင် လက်မှတ်ရေးထိုးမည့်သူ၏ အမည်နှင့်လက်မှတ်ကိုကြိုတင်၍ တင်ပြထားရမည်။ နိုင်ငံသား စိစစ်ရေးကတ်မူရင်းယူဆောင်လာရမည်။ (တင်ဒါဝင်ရောက်ခွင့် ရပ်ဆိုင်းခြင်း ခံထားရသူများအား ဝင်ရောက်ခွင့်မပြုပါ။)
  • လပ်ပုံများကို တင်ဒါစျေးနှုန်းတင်သွင်းလိုသူသည် သတ်မှတ်ထားသော တင်ဒါလျှောက်လွှာ ပုံစံတွင်ဖြည့်စွက်၍ အောက်ဖော်ပြပါအတိုင်း သမာဓိအာမခံကြေးငွေ (EarnestMoney) ကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာ ပြည်တွင်းရောင်း/စက်၊ မန်နေဂျာများသို့ “အာမခံချက်” (Payment Order)ဖြင့့််ပေးသွင်းနိုင် ပါသည်-     

     တင်ဒါတင်သွင်းသည့်ပမာဏ(တန်)                       သမာဓိအာမခံကြေးငွေ(ကျပ်)

     (၁)  သစ်လုံး/ခွဲသား(၁)တန်မှ(၅၀)တန်အထိ                    ၂၅သိန်း

     (၂)   သစ်လုံး /ခွဲသား(၅၁)တန် မှ (၂၀၀) တန်အထိ           ၅၀ သိန်း

     (၃)  သစ်လုံး/ခွဲသား(၂၀၁)တန်နှင့်အထက်                       ၁၀၀ သိန်း

  • ပြည်တွင်းရောင်း/စက်(ရုံးချုပ်)၊ ရန်ကုန်တွင် "အတွင်းရေးမှူး၊ တင်ဒါကျင်းပရေး ကော်မတီ၊မြန်မာ့သစ်လုပ်ငန်း၊ရန်ကုန်" အမည်ဖြင့် ရိုးမဘဏ်(ရုံးချုပ်) အောင်ဆန်းကွင်းတွင်လည်းကောင်း၊ မန္တလေးတွင် "မန်နေဂျာ (မန္တလေးဒေသ)၊ မြန်မာ့သစ်လုပ်ငန်း" အမည်ဖြင့် ကမ္ဘောဇဘဏ်၊ အမရပူရ တွင်လည်းကောင်း၊ လမ်း(၈၀)ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သမာဓိအာမခံကြေးငွေကို“အာမခံချက်” (Payment Order) ဖြင့့်် ပေးသွင်းနိုင်ပါသည်။ (ပြည်တွင်းရောင်း/စက်(ရုံးချုပ်)တွင် One Stop Services အနေဖြင့်တင်ဒါပွဲ မကျင်းပမီ (၂)ရက် နှင့် တင်ဒါပွဲကျင်းပပြီး(၂)ရက်အတွင်းPayment Order များလက်ခံခြင်း/ ပြန်လည် ထုတ်ပေးခြင်းများကို Myanmar Microfinance Bank (MMB) မှ ဆောင်ရွက်ပေးလျက်ရှိပါသည်)
  • တင်ဒါအတွက် PO ပေးသွင်းခြင်းအား တင်ဒါပွဲ ကျင်းပမည့်ရက်မတိုင်မီ (၂)ရက်အလိုတွင် ​​ ​ နောက်ဆုံးထား၍ အပြီးပေးသွင်းရမည် ဖြစ်သည်။
  • PO များ ပြန်လည်ထုတ်ပေးရန်ကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်-

  (၁)   တင်ဒါမအောင်မြင်သူများအနေဖြင့် တင်ဒါပွဲကျင်းပပြီးနောက် (၂)ရက်မြောက်နေ့မှစ၍  

       ပြန်လည်ထုတ်ယူနိုင်ပါသည်။

 (၂)   တင်ဒါအောင်မြင်သူများအနေဖြင့်သက်ဆိုင်ရာ(ရောင်း/စက်ဌာနမှူး)/(ပြည်နယ်ရောင်း/စက်တာဝန်ခံ)၏ငွေအကျေပေးသွင်း၍ သစ်သယ်ယူပြီးကြောင်း ထောက်ခံချက်ဖြင့်လည်းကောင်း၊ သစ်သယ်ယူရန်သတ်မှတ်ရက် ကျော်လွန်မှုရှိပါက ပေးဆောင်ရမည့် ရက်လွန်ကြေး ပေးသွင်းပြီးကြောင်း ထောက်ခံချက်ဖြင့်လည်းကောင်း

       မိမိ PO ပေးသွင်းရာ ဒေသ/ရုံးချုပ်တို့တွင် ပြန်လည်ထုတ်ယူနိုင်ပါသည်။

  • တင်ဒါပွဲ(၁) ကြိမ်လျှင် PO တစ်စောင် ပေးသွင်းမှုအတွက် (အထူး) အိတ်ဖွင့်တင်ဒါ/ အိတ်ဖွင့်တင်ဒါ (Special Open Tender/ Open Tender) တွင် တင်ဒါအောင်တန်ဘိုးငွေ ကျပ်သိန်း (၃၀၀၀) ထက်မပို သော သစ်တန်ပမာဏကိုသာ တင်ဒါဆွဲဝယ်ယူခွင့်ပြုပါမည်။ ကျပ်သိန်း (၃၀၀၀) ထက်ပိုမို၍ ဈေးနှုန်းတင်သွင်းလာပါက၊ နောက်ဆုံးလပ်ပုံမှစ၍ ရှေ့တိုးပြီး အစဉ်အတိုင်း ကျပ်သိန်း(၃၀၀၀)ထိရောက်အောင် ပယ်ဖျက်သွားမည် ဖြစ် ပါသည်။
  • တင်ဒါအောင်မြင်သူသည် တင်ဒါအောင်သစ်ဘိုးကျသင့်ငွေအားလုံးပေးသွင်းခြင်းကို တင်ဒါ အောင်မြင်သည့်နေ့မှစ၍ (၃၀)ရက်အတွင်း လည်းကောင်း၊ သယ်ယူခြင်းကို (၆၀)ရက်အတွင်းလည်းကောင်းပြီးပြတ်အောင် ဆောင်ရွက်ရမည်။ ငွေသွင်း(၃၀)ရက်နှင့်  သယ်ယူခွင့် (၆၀)ရက် ပြည့်သည့်နေ့သည် စနေ၊ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်များ ဖြစ်ပါက ယင်းနေ့မတိုင်မီ အပြီးဆောင်ရွက်ရမည်ဖြစ်ပြီး ရက်တိုးလုံးဝ (လုံးဝ) ခွင့်မပြုပါ။
  • တင်ဒါအောင် သစ်ဘိုးကျသင့်ငွေပေးသွင်းရာ၌ သမာဓိအာမခံကြေးငွေ (Earnest Money) မှ ခုနှိမ်ပေးသွင်းခြင်း မပြုရပါ။ ငွေပေးသွင်းမှုအား လပ်ပုံအလိုက် တစ်ကြိမ်တည်းဖြင့် အပြီး အပြတ်ပေးသွင်းရမည်။
  • သတ်မှတ်ရက်အတွင်းငွေအကျေအလည်ပေးသွင်းခြင်းမရှိပါက အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်-

     (၁)   ဘဏ္ဍာနှစ်အတွင်း ပထမအကြိမ်ပျက်ကွက်ပါက      သမာဓိအာမခံကြေးငွေအား သိမ်းယူခြင်း၊   မြန်မာ့သစ်လုပ်ငန်း၏ သစ်လုံး/ ခွဲသားတင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် (၆)လ ရပ်ဆိုင်း  ခြင်း၊

     (၂)   ဘဏ္ဍာနှစ်အတွင်း ဒုတိယအကြိမ် ပျက်ကွက်ပါက သမာဓိအာမခံကြေးငွေအား သိမ်းယူခြင်း၊ မြန်မာ့သစ်လုပ်ငန်း၏သစ်လုံး/ခွဲသား တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခွင့် (၁) နှစ် ရပ်ဆိုင်းခြင်း၊

  • ကျွန်း/သစ်မာသစ်လုံး/ခွဲသားများကို မျက်မြင်အခြေအနေအတိုင်း တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။ ဝယ်ယူသူများသည် ဈေးပေးယှဉ်ပြိုင် ဝယ်ယူမည့် လပ်ပုံနှင့်သက်ဆိုင်သည့် သစ်အမျိုးအစား၊ သစ်အတန်းအစား၊ အတိုင်းအတာနှင့် တန်ပမာဏတို့အား စစ်ဆေးလက်ခံပြီးဖြစ်သည်ဟု မြန်မာ့သစ်လုပ်ငန်းမှ မှတ်ယူပါသည်။ သို့ဖြစ်၍ ဈေးပေးအောင်မြင်ပြီးသည့် လပ်ပုံများနှင့်စပ်လျဉ်း၍ နောက်ပိုင်းကွဲလွဲမှုများအား တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
  • မြန်မာ့သစ်လုပ်ငန်း၏သစ်ဆိပ်/သစ်စက်များရှိ တင်ဒါအောင်မြင်သော သစ်လုံး/ခွဲသားများ သယ်ယူရာတွင် ဝယ်ယူသူမှ မိမိအစီအစဉ်ဖြင့် သယ်ယူဆောင်ရွက်ရမည်ဖြစ်သည်။
  • တင်ဒါအောင်မြင်သူအနေဖြင့် တင်ပြသော သယ်ယူလိုသည့် ဒေသလိပ်စာ (ကန့်သတ်ထားသော ဒေသများမှ လွဲ၍) ဖြင့် ပြေစာများ ဖွင့်လှစ်ပေးမည် ဖြစ်သည်။ ပြေစာပါလိပ်စာ ပြောင်းလဲလိုပါက သက်ဆိုင်ရာ(ရောင်း/စက်ဌာနမှူး)/ (ပြည်နယ်ရောင်း/စက်တာဝန်ခံ) များသို့ ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်သည်။ သစ်လုံးများခွဲစိတ်ခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်းကို သစ်တောဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
  • တင်ဒါအောင်မြင် ၀ယ်ယူခွင့်ပြုပြီးသည့် လပ်ပုံများနှင့် ပတ်သက်၍ အမည်ပြောင်း လျှောက်ထားလိုပါက ပြည်တွင်းရောင်း/စက်(ရုံးချုပ်)သို့ လျှောက်ထားရမည်။ ငွေအကျေပေးသွင်းပြီးသောလပ်ပုံများကိုသာ အမည်ပြောင်းလဲခွင့်ပြုမည်ဖြစ်သည်။
  • တင်ဒါအောင်မြင်၍ ငွေအကျေပေးသွင်းဝယ်ယူပြီး လပ်ပုံများအတွက် ဝယ်ယူသူ၏ အစီအစဉ်ဖြင့်သာ တာဝန်ယူထိန်းသိမ်းရမည်။ ရန်သူမျိုးငါးပါးဖျက်ဆီးမှုအန္တရာယ်ကို မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ယူမည်မဟုတ်ပါ။
  • သတ်မှတ်ကာလအတွင်းသယ်ယူခြင်းမရှိပါက လပ်ပုံ(၁)ပုံအတွက် (၁)ရက်လျှင် ကျပ် (၅,၀၀ဝိ/-)နှုန်း (ကျပ်-ငါးထောင်တိတိ)နှုန်းဖြင့် ရက်လွန်ကြေးပေး ဆောင်ရမည်။
  • မည်သည့်လပ်ပုံရောင်းချမှုကိုမဆို  မြန်မာ့သစ်လုပ်ငန်းအနေဖြင့် အကြောင်းတစ်စုံတစ်ရာ ဖော်ပြရန်မလိုဘဲ ပယ်ဖျက်ရုပ်သိမ်းနိုင်သည်။

ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန

          အိတ်ဖွင့်တင်ဒါစည်းကမ်းချက်များ-

  • ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာနမှ လစဉ်ကျင်းပသော အိတ်ဖွင့်တင်ဒါများ-၉-တွင်ဝင်ရောက်ယှဉ်ပြိုင်လိုပါက နိုင်ငံခြားကုမ္ပဏီအနေဖြင့် ကန်ဒေါ်လာ(၁၀၀၀၀) ကိုလည်းကောင်း၊ ပြည်တွင်းကုမ္ပဏီအနေဖြင့် ကန်ဒေါ်လာ(၅၀၀၀)ကိုလည်းကောင်း သမာဓိ အာမခံကြေးအဖြစ် ထားရှိရန် လိုအပ်ပါသည်။
  • သမာဓိအာမခံကြေးအား Bank Guarantee ဖြင့်လက်ခံပါသည်။ ငွေသားဖြင့် လက်မခံပါ။ Bank Guarantee သက်တမ်းအား အိတ်ဖွင့်တင်ဒါကျင်းပမည့်နေ့ရက်မှ (၄)လအထိ ထားရှိရမည်ဖြစ်ပါသည်။

      အရောင်းစနစ် လစဉ်အိတ်ဖွင့်တင်ဒါ (ရန်ကုန်) - (Ygn- Basis in US$) လစဉ်အိတ်ဖွင့်တင်ဒါ (နယ်)    -( Ex-site  Basis in US$ )

  • သစ်ဖိုးငွေပေးချေမှု PAA LC with TT reimbursement/ Red Clause L/C , Telex  Transfer(TT) and Account Transfer တို့ဖြင့် ပေးချေနိုင်ပါသည်။
  • အိတ်ဖွင့်တင်ဒါအောင်မြင်ပြီး ရက်ပေါင်း(၆၀)အတွင်း PAA L/C , Red Clause L/C, Telex Transfer(TT), Account Transfer တို့ဖြင့် အောင်မြင်သည့် လပ်ပုံအတွက် သစ်ဖိုးငွေအပြည့်အဝပေးသွင်းရမည်ဖြစ်ပါသည်။
  • ရက်ပေါင်း(၆၀)အတွင်း သစ်ဖိုးငွေအပြည့်အဝပေးသွင်းရန် ပျက်ကွက်ပါက  သမာဓိအာမခံကြေးကို  သိမ်းယူမည့်အပြင် အောင်မြင်သည့်လပ်ပုံများအား ပြန်လည် သိမ်းယူပြီး နောင်အိတ်ဖွင့်တင်ဒါများတွင် ထည့်သွင်းရောင်းချသွားမည် ဖြစ်ပါသည်။ ပျက်ကွက်သည့်ကုမ္ပဏီအား နောင်အိတ်ဖွင့်တင်ဒါများတွင် ကာလတစ်ခု အထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ထားမည်ဖြစ်ပါသည်။အိတ်ဖွင့်တင်ဒါကျင်းပသည့်နေ့မှ ရက်ပေါင်း(၉၀)အတွင်း အောင်မြင်သည့်လပ်ပုံအား သယ်ယူရမည်ဖြစ်ပါသည်။
  • အိတ်ဖွင့်တင်ဒါအောင်မြင်ပြီး သစ်ဖိုးငွေအပြည့်ပေးသွင်းထားသည့် လပ်ပုံအတွက်သာ Delivery Order(DO) ထုတ်ပေးမည်ဖြစ်ပြီး ကန့်သတ်ထားသည့် ဒေသများမှအပ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာသယ်ယူနိုင်ပါသည်။
  • DOထုတ်ပြီးသစ်များအား ပြည်တွင်းသစ်စက်များတွင် ခွဲစိတ်ပြီး ပြည်တွင်း/ပြည်ပ ရောင်းချနိုင်ပါသည်။ သစ်အလုံးလိုက်သော်လည်းကောင်း၊ Baulk Square, Boule cut-log အနေဖြင့်လည်းကောင်း၊ ဓါးရွေ အနေဖြင့်သော်လည်း​ကောင်း တင်ပို့ခွင့်မပြုပါ။
  • သစ်အချောထည်/သစ်ထုတ်ကုန်ပစ္စည်းများအား ပုဂ္ဂလိကအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရပါမည်။
  • အိတ်ဖွင့်တင်ဒါလပ်ပုံများနှင့်စပ်လျဉ်း၍ ဝယ်ယူသူများသည် စျေးပေးယှဉ်ပြိုင် ဝယ်ယူမည့်လပ်ပုံနှင့်သက်ဆိုင်သည့် သစ်အမျိုးအစား၊သစ်အတန်းအစား၊ အတိုင်း အတာနှင့် တန်ပမာဏတို့အား စစ်ဆေးလက်ခံပြီးဖြစ်သည်ဟု မြန်မာ့သစ်လုပ်ငန်းမှ မှတ်ယူပါသည်။ သို့ဖြစ်၍ စျေးပေးအောင်မြင်ပြီးသည့် လပ်ပုံများနှင့် စပ်လျဉ်း၍ နောက်ပိုင်းကွဲလွဲမှုများအား တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

မရှိပါ။

ဆက်သွယ်ရမည့်လိပ်စာ

(က)     ဦးဆောင်ညွှန်ကြားရေးမှူးရုံး၊ စီမံခန့်ခွဲရေးဌာန

          ဆက်သွယ်ရန်လိပ်စာ-           မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)၊ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့

          တယ်လီဖုန်းနံပါတ်-                    ၀၁-၃၅၂၈၈၃၃၊ ၀၁-၃၅၂၈၈၁၇

          အီးမေးလ်လိပ်စာ-                     mdoffice.mte@gmail.com                             

(ခ)      စီမံကိန်းနှင့် စာရင်းအင်းဌာန

          ဆက်သွယ်ရန်လိပ်စာ-                မြန်မာ့သစ်လုပ်ငန်း(ရုံးခွဲ)၊ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့

          တယ်လီဖုန်းနံပါတ်-                    ၀၁-၂၅၀၀၅၀

          အီးမေးလ်လိပ်စာ-                     gmpmte@gmail.com

(ဂ)      သစ်ထုတ်ရေးဌာန

     ဆက်သွယ်ရန်လိပ်စာ                  - မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)၊ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ရန်ကုန်မြို့                          

          တယ်လီဖုန်းနံပါတ်                 - ၀၁-၃၅၂၈၇၉၃

          အီးမေးလ်လိပ်စာ                   - dgmwext@gmail.com

(ဃ)     ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာန

          ဆက်သွယ်ရန်လိပ်စာ                 - မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)၊ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့                     

          တယ်လီဖုန်းနံပါတ်                     - ၀၁-၃၅၂၈၈၀၅

          အီးမေးလ်လိပ်စာ                       - mteictgroup@gmail.com

(င)      ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန

          ဆက်သွယ်ရန်လိပ်စာ                 - မြန်မာ့သစ်လုပ်ငန်း(ရုံးခွဲ)၊ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့                     

          တယ်လီဖုန်းနံပါတ်                     - ၀၁-၃၇၂၀၀၉

          အီးမေးလ်လိပ်စာ                       - gmlocalhq.@gmail.com

(စ)      သစ်အခြေခံစက်မှုလုပ်ငန်းဌာန

          ဆက်သွယ်ရန်လိပ်စာ                  - မြန်မာ့သစ်လုပ်ငန်း(ရုံးခွဲ)၊ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့   

          တယ်လီဖုန်းနံပါတ်                     - ၀၁-၃၇၂၄၄၉                                        

          အီးမေးလ်လိပ်စာ                       - uwinnaing01@gmail.com

(ဆ)     အင်ဂျင်နီယာဌာန                                                

          ဆက်သွယ်ရန်လိပ်စာ                  - မြန်မာ့သစ်လုပ်ငန်း(ရုံးခွဲ)၊ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့   

          တယ်လီဖုန်းနံပါတ်                     - ၀၁-၂၅၄၇၈၈                                        

          အီးမေးလ်လိပ်စာ                       - naywin20161@gmail.com

(ဇ)      ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန                                 

          ဆက်သွယ်ရန်လိပ်စာ                  - မြန်မာ့သစ်လုပ်ငန်း(ရုံးခွဲ)၊ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့  

          တယ်လီဖုန်းနံပါတ်                     - ၀၁-၂၄၂၄၉၉                                         

          အီးမေးလ်လိပ်စာ                       -gegemonywe999@gmail.com

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

ရန်ကုန်

Website လိပ်စာ

www.myanmatimber.com.mm