ကိုဗစ် - ၁၉ ကာလတွင် အာဟာရဓာတ် ညီညွတ်မျှတအောင် ရွေးချယ်ခြင်းနှင့် ငါးစားသုံးခြင်း

ကိုဗစ် - ၁၉ ကာလတွင် အာဟာရဓာတ် ညီညွတ်မျှတအောင် ရွေးချယ်ခြင်းနှင့် ငါးစားသုံးခြင်း

Ministry of Information/ ​နေပြည်တော် / May 23, 2020
image_latest


ကိုဗစ် - ၁၉ ဟူသော ကမ္ဘာ့ကပ်ရောဂါကာလကြီးကို ကျော်ဖြတ်နေချိန်၊ အိမ်မှာ စတေးဟုမ်းလုပ်နေကြချိန်တွင် ဆိုရှယ်မီဒီယာများကို သုံးစွဲမှု မြင့်တက်လာကြပါသည်။ အထူးသဖြင့် ဖေ့ဘွတ်သုံး စွဲရင်း အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်များကို အလွယ်တကူသိနိုင်ပြီး ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်နိုင်ကြသည့် အပြင် မိမိတို့ ဘေးကင်းလုံခြုံစွာရှိကြောင်းကိုလည်း ဆွေမျိုးမိတ်သင်္ဂဟများအား ဗီဒီယိုဖုန်းမှတစ်ဆင့် မြင်တွေ့ဆက်သွယ်နိုင်ကြသောကြောင့် ဖြစ်ပါသည်။

ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်

ပူပြင်းခြောက်သွေ့သော နွေရာသီနှင့်အတူ ကပ် ရောဂါဘေးကိုပါ ကျော်ဖြတ်နေရစဉ် မိသားစုဝင်များ ကျန်းမာရေးကောင်းမွန်ပြီး အစားစားချင်စိတ်လျော့ မသွားစေရေးအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညနေခင်း အဆာပြေ စားစရာနှင့် ညစာတို့ကို အမျိုးမျိုးအဖုံဖုံ စီစဉ် ချက်ပြုတ်ပြီး ဖေ့ဘွတ်ပေါ်တင်ကြရာ လျှာအရသာ ကိုပင် နှိုးဆွနိုင်ပါသည်။ အချို့က စရိတ်စကသက်သာပြီး အလွယ်တကူ ပြင်ဆင်နိုင်သော စားစရာများကို ချက်ကြ သည်။ ဥပမာ- ထမင်းသုပ်၊ ဘယာကြော်၊ ပဲကြော်၊ ကြက်သွန်ကြော်၊ အသုပ်စုံ၊ ဟင်းသီးဟင်းရွက်ကြော်၊ သီးစုံချဉ်ဟင်း စသည်တို့ ဖြစ်သည်။ ကြာရှည်ခံသော ငါးခြောက်၊ ပုစွန်ခြောက်၊ ပဲ၊ ကြာဆန်၊ ခေါက်ဆွဲ၊ မှိုခြောက်ပန်းခြောက်၊ ကျောက်ပွင့်နှင့် ဘဲဥ ကြက်ဥ၊ အာလူး တို့ ပါဝင်သော ဟင်းစပ်များကိုလည်း တွေ့ရသည်။ အဆာပြေ ညနေစာများအဖြစ် လက်ဖက်ရည်၊ ကော်ဖီ၊ စမူဆာ၊ ပလာတာ၊ သာဂူ၊ မုန့်လုံးရေပေါ် စသော မြန်မာမုန့် အချိုပွဲများအပြင် ထမင်းခြောက်ကြော်ကအစ နှစ်သက်စဖွယ် တွေ့မြင်ရသည်။

အချို့က ကြိုတင်ဝယ်ယူ စုဆောင်းထားသော သားငါး ဟင်းသီးဟင်းရွက်များ အလျှံပယ်ဖြစ်နေသဖြင့် တစ်နေ့လျှင် လေးငါးခြောက်မျိုးထက်မက ဖွယ်ဖွယ် ရာရာ ချက်ပြုတ်ကြသည့်အပြင် မည်သို့ မည်ပုံ ပြုလုပ် သည့် နည်းလမ်းများကအစ ဟင်းချက်ပြိုင်ပွဲဝင်နေ သကဲ့သို့ ဝေဝေဆာဆာဖော်ပြကြ၊ မတတ်သေးသူက နည်းလမ်းယူကြ ၊ အရသာကို လျှာရည်ယိုအောင် ဖော်ပြ ကြနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ဟင်းချက်နည်း မျိုးစုံ လက်စွမ်းပြကြသည့် အထဲမှာ အမျိုးသမီးများချည်း မဟုတ်၊ အမျိုးသားများလည်း အားကျမခံပါဝင်ကြ ပါသည်။

ခန္ဓာကိုယ်အတွက် မှန်ကန်သောအာဟာရဓာတ်

မည်သို့ပင် ဖြစ်စေ၊ မှန်ကန်သော အာဟာရဓာတ် နှင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အရည်ပမာဏ ပါဝင်ရန် အဓိကအရေးကြီးပါသည်။ အာဟာရဓာတ် ညီညွတ်မျှတသော အစားအစာကို နေ့စဉ် စားသုံးနေသော လူများသည် ကိုယ်ခံအားစနစ် အထူးကြံ့ခိုင်ကောင်းမွန် ကြသောကြောင့် နာတာရှည်ရောဂါများနှင့် ကူးစက် ရောဂါများ ကျရောက်နိုင်စွမ်းနည်းပါးပြီး ကျန်းမာရေး ကောင်းမွန်သည့်အခြေအနေတစ်ရပ်ကို ထိန်းသိမ်းထား နိုင်သည်။

ထို့ကြောင့် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သော ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အင်တီ အောက်ဆီဒင့်များ ပေါကြွယ်ဝသော လတ်ဆတ် သည့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များနှင့် သားငါး များကို စားသုံးသင့်ပါသည်။ ရေကို လုံလောက်စွာ သောက်ခြင်း၊ သကြား၊ ဆားနှင့် ဆီတို့ကို အနည်းငယ် မျှသာ သုံးစွဲစားသောက်ခြင်းတို့သည် စတေးဟုမ်းကာလ မှာ ဖြစ်လာနိုင်သော ကိုယ်အလေးချိန်တိုးခြင်း၊ အဝ လွန်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို ရောဂါ နှင့် အချို့သော ကင်ဆာရောဂါများ၏ အန္တရာယ်ကို သိသာစွာ လျော့ကျစေပါသည်။

(၁) လတ်ဆတ်သော အစားအစာ၊ နည်းလမ်းစဉ် အဆင့်ဆင့်ဖြင့် ပြင်ဆင်ချက်ပြုတ်ထားခြင်း မရှိသော အစားအစာကို နေ့စဉ်စားသုံးပါ။

i သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲမျိုး နွယ်ဝင်အပင်များ၊ ပဲ အမျိုးမျိုး၊ အစေ့အနှံများ ဖြစ်ကြ သည့် ပြောင်းဖူး၊ လူး၊ ဆပ်၊ အုတ်၊ ဘာလီ၊ ဂျုံ၊ ဆန်လုံးညို၊ အာလူး၊ ကန်စွန်းဥ၊ ဝဥ တို့နှင့် တိရစ္ဆာန်ထွက် စားသောက် ကုန်များဖြစ်ကြ သည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲ ဥ ၊ နွားနို့ တို့ကို စားသုံးပါ။

i လက်ဖက်ရည်ပန်းကန်နှစ်လုံးစာ သစ်သီး (လေးယောက်စာ)၊ လက်ဖက်ရည် ပန်းကန်နှစ်လုံးခွဲစာ ဟင်းသီးဟင်းရွက် (ငါးယောက်စာ)၊ ထမင်း ၁၈၀ ဂရမ်၊ အသားနှင့်ပဲ ၁၆၀ ဂရမ် (အမဲသား၊ ဆိတ်သား၊ ဝက်သား တို့ကို တစ်ပတ် လျှင် ၁-၂ ကြိမ်၊ ကြက်သားကို တစ်ပတ် လျှင် ၂-၃ ကြိမ် စားနိုင်သည်) နေ့စဉ်စားပါ။

i အဆာပြေစားစရာအဖြစ် ဆား၊သကြား၊ ဆီ တို့များစွာ ပါဝင်သည့် အစားအစာထက် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တို့ကို ရွေးချယ်ပါ။

i မီးဖြင့် အလွန်အကျွံ ချက်ပြုတ်ထားသော အသီး အနှံနှင့်ဟင်းသီးဟင်းရွက်တို့ကိုရှောင်ပါ။ ဤနည်းလမ်း သည် အရေးကြီးသော ဗီတာမင်များကို ဆုံးရှုံးစေသည်။

i ကြာရှည်ခံအောင် ပြုလုပ်ထားသည့် အစားအစာ စည်သွတ်ဘူးများကိုစားလျှင် ဆားနှင့်သကြားထပ်မထည့် ပါနှင့်။

(၂) နေ့စဉ်နေ့တိုင်း ရေကို လုံလောက်အောင် သောက်ပါ။

i ရေသည် အသက်ဓာတ်အတွက် မရှိမဖြစ် လိုအပ် သော အရာပင်ဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် ရေ လုံလောက်စွာရှိပါမှ သွေးလှည့်ပတ်မှုစနစ်က အာဟာရ ဓာတ်များကို သယ်ဆောင်ပေးနိုင်သည်။ ရေကခန္ဓာကိုယ် အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးသည်။ အဆိပ် အတောက် အညစ်အကြေးများကို စွန့်ထုတ်ပေးသည်။ အရိုးအဆစ်များ လှုပ်ရှားရာတွင် ချောမွေ့အောင် ရေလို အပ်ပါသည်။

i နေ့စဉ်နေ့တိုင်း ရေရှစ်ခွက်မှ ၁၀ ခွက်အထိ သောက်ပါ။

i သန့်ရှင်းသောရေသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံးဖြစ်သည်။ သို့သော် အရည်ရွှမ်းသည့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ နှင့် အသီးဖျော် ရည်၊ အရွက် ဖျော်ရည်များကိုလည်း သောက်နိုင်ပါသည်။ ကော်ဖီ၊ လက်ဖက်ရည်ကို သောက်နိုင်သော်လည်း ကဖင်းဓာတ် မများစေသင့်ပါ။ ပင်ကိုကပင် ချိုလွန်းသော သစ်သီးဖျော်ရည်များ၊ ချိုလွန်းသော သစ်သီးယိုများ၊ အမြှုပ်ထသော ဖျော်ရည်များနှင့် ယမကာအမျိုးမျိုးတို့ တွင် သကြားဓာတ်များစွာ ပါဝင်နေ၍ သတိထား သောက် သုံးသင့်ပါသည်။

(၃) အဆီနှင့် ဆီကို အသင့်အတင့်သာ စားသုံးပါ။

i ငါး၊ ထောပတ်သီး ၊ မြေပဲ၊ သံလွင်ဆီ၊ ပဲငံပြာရည်၊ ဟင်းသီး ဟင်းရွက်ဆီ၊ နှင့် နေကြာဆီ တို့ကဲ့သို့သော မပြည့်ဝဆီများကို အသင့်အတင့် စားသုံး ပါ။ ယင်းသည် ပြည့်ဝဆီများ ဖြစ်သည့် ထောပတ်၊ အဆီများသော အသား၊ အုန်းဆီ၊ မလိုင်၊ ဒိန်ခဲနှင့် ဂီးထောပတ်တို့ကို စားသုံးခြင်းထက် ပိုမိုသင့်လျော် ကောင်းမွန်ပါသည်။

i အဆီဓာတ်နည်းသည့် ကြက်သားနှင့်ငါးကို ရွေးချယ်ပါ။ အမဲသား၊ သိုးသားတို့ကဲ့သို့ မချက်မီ နီနေသော အသားများတွင် အဆီများစွာ ပါဝင်သည်။ ဝိုင်အရက်၊ ဒိန်ခဲ၊ ထောပတ်၊ ဟင်းခတ်အမွှေး အကြိုင်အမျိုးမျိုးနှင့် အဆင့်ဆင့် ပြုပြင် ဖန်တီးချက်ပြုတ် ထားသည့် အသားများကို ရှောင်ကြဉ်ပါ။

i အဆီနည်းသည့် နို့နှင့် နို့ထွက်ပစ္စည်းများကို ရွေးချယ်ပါ။

i အမြန်စာ၊ အလွယ်စာများ၊ ကွတ်ကီးများ၊ မာဂျရင်း စသည်တို့ကို ရှောင်ကြဉ်ပါ။

(၄) ဆားနှင့်သကြားကို လျှော့သုံးပါ။

i အစားအစာများကို ပြင်ဆင်ချက်ပြုတ်ရာတွင် ဆား၊ ပဲငံပြာရည်၊ ငါးငံပြာရည်တို့၏ ပါဝင်မှုအချိုးအဆကို သတိပြုပါ။

i နေ့စဉ် စားသုံးသော ဆားပမာဏကို လူတစ်ဦး လျှင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းမျှသာ ဖြစ်အောင် ကန့်သတ်ထားပါ။

i ဆားနှင့်သကြားများစွာ ပါဝင်သည့် စားစရာများ ကို ရှောင်ကြဉ်ပါ။

i အချိုများသည့် ဖျော်ရည်နှင့်အဖျော်ယမကာများ ကို ရှောင်ကြဉ်ပါ။

i ကွတ်ကီး၊ ကိတ်မုန့်နှင့် ချောကလက်တို့အစား လတ်ဆတ်သော သစ်သီးဝလံကို ရွေးချယ်ပါ။

ဤ လမ်းညွှန်ချက်များသည် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာလတွင် ကိုယ်ခံအားကောင်းမွန်ပြီး ခန္ဓာကိုယ်ကြံ့ခိုင် သန်စွမ်းနေစေရန် စားသုံးသင့်သည့် အစားအစာများ၊ ရှောင်ကြဉ်သင့်သည့် အစားအစာများကို ဖော်ပြထားခြင်း ဖြစ်သည်။

အိမ်မွေးတိရစ္ဆာန်မှ လူကိုမကူးစက်သေး

ကိုဗစ် - ၁၉ ရောဂါကို ဖြစ်ပွားစေသော Coronavirus သည် အသစ်ဖြစ်ပြီး ယင်းကို SARS-CoV-2 ဗိုင်းရပ်စ်ဟု အမည်ပေးကြသည်။ Coronavirus အနွယ်များကို နို့တိုက် သတ္တဝါအများစုနှင့်ငှက်များမှာ တွေ့ရပါသည်။ထိုဗိုင်းရပ်စ် သည် တိရစ္ဆာန်တို့၏ ဆဲလ်မျက်နှာပြင်ပေါ်ရှိ ပရိုတင်း တစ်မျိုးဖြစ်သော ACE2 (Angiotensin -converting enzyme 2) ကို ကြိုက်နှစ်သက်ကြပြီး ဗိုင်းရပ်စ်က အလို အလျောက် ထိုးဖောက်ဝင်ရောက်သွားနိုင်သဖြင့် လူနှင့် နီးစပ်နေသော တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ် ဝင်ရောက်သွားလျှင် ဗီဇပြောင်းလဲမှုများ ထပ်မံဖြစ်ပွား ပြီး လူတို့ကို ပြန်လည်ကူးစက်နိုင်လေမလားဟု တွေး တောဆင်ခြင်ကာ သိပ္ပံပညာရှင်များက သုတေသန စမ်းသပ်ချက်များစွာ ပြုလုပ်ခဲ့ကြသည်။

ကံကောင်းသည့် အချက်မှာ လူနှင့် လက်ပွန်းတတီး နေသည့် အိမ်မွေးတိရစ္ဆာန်များတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့် လူမှ တိရစ္ဆာန်သို့ ကူးစက်ခြင်း အနည်း ငယ်ရှိခဲ့သော်လည်း သူတို့ထံမှ လူကိုပြန်လည် ကူးစက်သည့် အထောက်အထား လုံးဝမရှိသေးခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံရှိ ဟာဘင်းတိရစ္ဆာန်ဆေးကု အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှ ပညာရှင်များက ထိုဗိုင်းရပ်စ်သည် ကြက်၊ ဘဲနှင့်ဝက်တို့၏ ခန္ဓာကိုယ်ထဲမှာ ပွားများလာခြင်းမရှိဟု ဆိုပါသည်။ အစောပိုင်း မှတ်တမ်းများအရ ဝူဟန်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ စတင်ဖြစ်ပွားချိန်က တိရစ္ဆာန်အရှင် ရောင်းချသည့် စျေးကွက်နှင့် ပင်လယ်စာရောင်းချသည့် စျေးကွက်မှ စတင်ခဲ့သဖြင့် အချို့နိုင်ငံများတွင် ပင်လယ်စာမှ ဗိုင်းရပ်စ်ကူးစက်နိုင်သည်ဟု သံသယရှိခဲ့သောကြောင့် ငါးနှင့်ရေထွက်ပစ္စည်းများ စားသုံးမှုများစွာ လျော့ကျခဲ့ သည်။

ဘေးကင်းလုံခြုံသော ပင်လယ်ရေသတ္တဝါစားသုံးမှု

ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်းကြီးမှ စာတမ်းတစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းကို ရေးသားပြုစုသူများထဲတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အစည်းကြီးထဲမှ ထင်ရှားကျော်ကြားသော အဏ္ဏဝါဇီဝ ပညာရှင်များ၊ ငါးမွေးမြူရေးပညာရှင်များ၊ အင်းလုပ်ငန်း ရှင်များ၊ စားနပ်ရိက္ခာဘေးကင်းမှုဆိုင်ရာ ပညာရှင်များ၊ တိရစ္ဆာန် ဆေးကုပညာရှင်သမားတော်ကြီးများ ပါဝင် ကြသည်။

စာတမ်းထဲတွင် SARS-CoV-2 သည် နို့တိုက်သတ္တဝါ များကိုသာ ရောဂါကျရောက်နိုင်စွမ်းရှိပြီး ရေသတ္တဝါများ ကို ရောဂါကျရောက်စေခြင်းမရှိသည့်အတွက် ငါးများ နှင့် အခွံမာရှိသော ပင်လယ်ရေသတ္တဝါအားလုံးကို လူတို့ စားသုံးနိုင်သည်၊ လုံခြုံဘေးကင်းသည်ဟု ထောက်ပြ ထားပါသည်။

ထို့ကြောင့် ကျောမှာ ဆူးတောင်ပါသော ငါးများ၊ ပုစွန်၊ ကနုကမာစသော အခွံမာရေသတ္တဝါများသည် လူသားတို့အတွက် ဘေးကင်းဆဲဖြစ်ကြောင်း သိရသည်။ လတ်တလောအချိန်ထိ ဆူးတောင်ပါသော ငါးများ၊ ပုစွန် ကနုကမာ စသည့် အခွံမာရေနေသတ္တဝါများ၊ ခရုများ၊ ဖားများတို့တွင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ကျရောက်မှု မတွေ့ရ ပါ။ ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ လူများက ငါး၊ ပုစွန်တို့ကို ကိုင်တွယ်ခြင်းဖြင့် ရောဂါပိုးထိတွေ့မှုရှိနိုင်သည်ဟု ဆိုသော်လည်း လုံးဝမပြောပလောက်ပါ။

ကပ်ရောဂါကြီး ကျရောက်နေချိန်တွင် အခြား ကုန်းသတ္တဝါများထက် ရေသတ္တဝါများဖြစ်သော ငါး၊ ပုစွန် စားသုံးမှုပမာဏများစွာ မြင့်တက်ခဲ့သောကြောင့် ငါး မွေးမြူရေး လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများ၏ အသက် မွေးဝမ်းကျောင်းမှုအတွက် ထိန်းသိမ်းထားနိုင်သော အခြေအနေတစ်ခု ဖြစ်စေခဲ့ပါသည်။ သို့သော် တစ်နေရာ မှ တစ်နေရာသို့ သယ်ယူပို့ဆောင်မှုအခက်အခဲ၊ ကုန်သွယ် မှု အခက်အခဲတို့ကြောင့် အကန့်အသတ်နှင့်သာ ရရှိနိုင် သော အရင်းအမြစ်ဖြစ်နေသည်ဟု စာတမ်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။

ညီညွတ်မျှတသော အစာပုံစံကို ရွေးချယ်ပါ

ပညာရှင်များ၏ သုတေသနပြုလုပ်ချက်များအရ ကြက်၊ ဘဲ၊ ဝက်တို့တွင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်ပွားများလာ ခြင်းမရှိဟု သိရသော်လည်း ငါး၊ ပုစွန်၊ ကနုကမာ အစရှိ သည့် ရေသတ္တဝါများ (အထူးသဖြင့် ကျောပေါ်မှာ ဆူးတောင်ပါသည့်ငါးများ၊ ဆယ်မွန်ငါးများ၊ တီလားပီး ယားအပါအဝင် အခြားငါးများ) တွင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ကျရောက်ခြင်း မရှိသည့်အတွက် ငါး၊ ပုစွန် ၊ အခွံမာ ရေ သတ္တဝါများကို စားသုံးခြင်းက ပိုမိုဘေးကင်းလုံခြုံမှု ရစေပါသည်။

ယခုလို ကမ္ဘာ့ကပ်ရောဂါကြီး ကိုဗစ် - ၁၉ ကို ရင်ဆိုင် ကျော်လွှားနေရချိန်တွင် ကိုယ်ခံအားကောင်းမွန်ကြံ့ခိုင် စေသော၊ အာဟာရဓာတ်ညီညွတ်မျှတသော နေ့စဉ် အစာပုံစံကို ရွေးချယ်စားသုံးသင့်ပါသည်။ အဝလွန်ခြင်း၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါဘေးမှ ကာကွယ်ရန် ဆား၊ သကြားနှင့် ဆီကို လျှော့ပါ။ ရေကို လုံလောက်စွာသောက် ပါ။ ကင်ဆာရောဂါမှ ကာကွယ်ရန် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပါ။ မီးဖြင့် ကြိမ်ဖန်များစွာ ချက်ထားသော အစာကို မစားပါ နှင့်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ သားငါးဟင်းလျာ များကို စင်ကြယ်အောင် အထပ်ထပ်ဆေးကြောပါ။

အသားမှရသော ပရိုတင်းကို စားသုံးလိုလျှင် ကြက်၊ ဘဲ၊ ဝက် များထက် ငါးနှင့် ရေသတ္တဝါများကို ရွေးချယ်ပါ ဟု အကြံပြုအပ်ပါသည်။ ။

ဒေါက်တာ ခင်စန်းမော်

သတင်းစာများ

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၇ ရက်နေ့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ရက်၊ ကြာသပတေးနေ့။


Posted on May 28, 2020 Download

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2020 Download

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့


Posted on May 24, 2020 Download

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၂ ရက်နေ့၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၃ ရက်၊ စေနေနေ့။


Posted on May 23, 2020 Download

ကြေညာချက်များ

တင်ဒါ အောင်မြင်ကြောင်း ကြေညာခြင်း


Posted on May 28, 2020

၂၇ - ၅ - ၂၀၂၀ ရက်နေ့၊ ( ၁၃:၀၀ )နာရီ အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပပြု လုပ်သော ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် | အတွင်း ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ရိုက်နှိပ်ရန်နှင့် အခြားပုံနှိပ်လုပ်ငန်းများ၊ အရည်အသွေးမြင့်ပုံနှိပ်လုပ်ငန်း တို့အတွက် လိုအပ်သော စက္ကူ၊ မင် နှင့် ပုံနှိပ်ရေးပစ္စည်း ဝယ်ယူရန် ကုန်ကြမ်းပစ္စည်းများဝယ်ယူရေးနှင့် စိစစ်ရေးကော်မတီ မှ ဈေးနှုန်းစိစစ်ခဲ့ရာ တင်ဒါအောင်မြင်ခဲ့သော အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း နှင့် အရေအတွက် တို့ဖြင့် တင်ဒါ အောင်မြင်ကြောင်း ကြေညာအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာကွပ်ကဲမှုအောက်ရှိ‌ဈေးအသီးသီးတွင် ဈေးရောင်းသူများလိုက်နာဆောင်ရွက်ရမည့်စည်းကမ်းများ ထုတ်ပြန်ကြေညာခြင်း


Posted on May 25, 2020

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာကွပ်ကဲမှုအောက်ရှိ‌ဈေးအသီးသီးတွင် ဈေးရောင်းသူများလိုက်နာဆောင်ရွက်ရမည့်စည်းကမ်းများ ထုတ်ပြန်ကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်