မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ သထုံမြို့နယ်အတွင်း နေရပ်ပြန်ပြည်သူများထားရှိမည့် နေရာများ လာရောက်ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ သထုံမြို့နယ်အတွင်း နေရပ်ပြန်ပြည်သူများထားရှိမည့် နေရာများ လာရောက်ကြည့်ရှုစစ်ဆေး

Ministry of Information/ ​နေပြည်တော် / May 29, 2020
image_latest

သထုံ မေ ၂၉

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် သထုံမြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာကြသူများကို ထားရှိမည့် အသွားအလာကန့်သတ်‌ စောင့်ကြည့်ရေးစခန်း နေရာများ စီစဉ်ထားရှိမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် လိုက်လံကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်က မကြာခင်အချိန်အတွင်း ယခုနေရာများ၌ (၂၁) ရက် ကန့်သတ်စောင့်ကြည့်ရန် ဒေသအသီးသီးမှ နေရပ်ပြန်ပြည်သူများ ထားရှိသွားမည်ဖြစ်ရာ ပြည့်စုံစွာ စီစဉ်ထားစေလိုကြောင်း၊ လိုအပ်ချက်များကို စစ်ဆေးတင်ပြစေလိုပြီး ဖြည့်စွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လိုက်လံကြည့်ရှုရာ၌ ပြောကြားခဲ့သည်။

ယင်းသို့စစ်ဆေးရာတွင် သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးနှင့် တာဝန်ရှိသူများက ကျန်းမာရေး၊ လုံခြုံရေးနှင့် စားသောက်နေထိုင်မှု၊ ရေ/မီး တပ်ဆင်ထားရှိမှု၊ သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှု စွန့်ပစ်အမှိုက်များ စနစ်တကျဖြစ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်တို့ကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်တို့ကို ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

သထုံမြို့နယ်တွင် မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ကြာပန်းကျေးရွာရှိ စက်မှု သင်တန်းကျောင်းနှင့် ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်တို့၌ ပြည်ပနိုင်ငံများမှ နေရပ်ပြန်လာကြသူ (၃၇၆) ကို ထားရှိရန် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း သုံးခုစီစဉ်ထားကြောင်း သိရသည်။

သက်ဦး(သထုံ)

သတင်းစာများ

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်၊ တနင်္လာနေ့။

Posted on Jun 29, 2020 Download

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၇ ရက်၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်၊ သောကြာနေ့။

Posted on Jun 26, 2020 Download

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက်၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၅ ရက်၊ ကြာသပတေးနေ့။

Posted on Jun 25, 2020 Download

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန် ၄ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်၊ အင်္ဂါနေ့။

Posted on Jun 23, 2020 Download

ကြေညာချက်များ

ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များ ထုတ်ပြန်ခြင်း

Posted on Jul 2, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅၇(ခ) အရ အောက်ပါနေ့ရက်များကို ထုတ်ပြန်ကြေညာအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်အငြိမ်းစားဝန်ထမ်းအိမ်ရာ၊ တိုက်ခန်းဝယ်ယူလိုသူများ လျှောက်ထားနိုင်ကြောင်း အသိပေးပန်ကြားချက်

Posted on Jul 2, 2020

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်အငြိမ်းစားဝန်ထမ်းအိမ်ရာ၊ တိုက်ခန်းဝယ်ယူလိုသူများ လျှောက်ထားနိုင်ကြောင်း အသိပေးပန်ကြားချက်

ဆက်လက်ဖတ်ရှုရန်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ အသားထုတ်လုပ်ခွင့်(ဈေးခုံ)ရရှိသူများ လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာခြင်း

Posted on Jul 1, 2020

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ အသားထုတ်လုပ်ခွင့်(ဈေးခုံ)ရရှိသူများ လိုက်နာရန် စည်းကမ်းချက်များအား အသိပေးကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာတွင် မြေဖြတ်ခြင်းနှင့်လမ်းတံတား၊ရေမြောင်းများဆောင်ရွက်ခြင်းလုပ်ငန်း Lot(10)ခုအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီစာရင်း ကြေညာခြင်း

Posted on Jun 30, 2020