ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (၂၀၂၆) နှင့် စပ်လျဉ်း၍ သတင်းပို့အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်နှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းဖွင့်
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (၂၀၂၆) နှင့် စပ်လျဉ်း၍ သတင်းပို့အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်နှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းဖွင့်
Ministry of Information/ Naypyitaw / June 09, 2026
နေပြည်တော် ဇွန် ၈
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (၂၀၂၆) နှင့် စပ်လျဉ်း၍ သတင်းပို့အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်နှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် သတင်းပို့အဖွဲ့အစည်းများ၏ ဥပဒေလိုက်နာဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် လိုအပ်သည့် လမ်းညွှန်မှု၊ ပံ့ပိုးမှုများကို အမြဲတမ်းအတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေသစ်နှင့် အဓိပ္ပာယ်ကောက်ယူမှုဆိုင်ရာ ရှင်းလင်းချက်များ၊ လက်တွေ့အကောင်အထည်ဖော်မှု အခွင့်အလမ်းနှင့် ဝိဝါဒကွဲလွဲမှုများအပေါ် သုံးသပ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် သတင်းပို့ရန် တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် (၂၀၂၆) ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအခန်း (၉) နှင့် အခန်း (၁၃) အား ချိတ်ဆက်ဆွေးနွေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
Posted on Jun 8, 2026ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Posted on Jun 8, 2026အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Posted on Jun 4, 2026ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
