ဈေးများတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးသရုပ်ပြ
ဈေးများတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးသရုပ်ပြ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 18, 2025
ဘားအံ - ဇွန် (၁၈)
ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကိုထိထိရောက်ရောက်အသုံးချနိုင်ရေး၊ အန္တရာယ်ကင်းသည့်စွန့်ပစ်မှုများဖြစ်စေရေးအတွက် ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စွန့်ပစ်အမှိုက်များခွဲခြားစွန့်ပစ်မှုပညာပေးသရုပ်ပြပွဲကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ဈေးများတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့/ရွာများ၊ ဈေးများ၊ ကျောင်းများ၊ ခရီးစဉ်ဒေသများနှင့် အများပြည်သူဆိုင်ရာ နေရာများ သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များကိုစနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိစေရန် ယခုကဲ့သို့သရုပ်ပြသခြင်းဖြစ်ပြီး ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မဈေးကြီး နှင့် အမှတ်(၁)အဆင့်မြင့်စံပြဈေး၊ အမှတ်(၅)ရပ်ကွက်ရှိ မာန်အောင်ဈေး၊ အမှတ်(၆)ရပ်ကွက်ရှိ သီရိဈေးတို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက ဈေးသူ/ဈေးသားများနှင့်ဒေသခံပြည်သူများအား အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင် များဖြန့်ဝေပေး၍ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများ၊ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် သိမ်းဆည်းမှုကိုလွယ်ကူစေသည့်အပြင် အကျိုးရှိအောင်ပြန်လည်အသုံးပြုနိုင်ပုံများနှင့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်ဟူ၍ အမျိုးအစားအလိုက်ခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးဆွေးနွေး ဟောပြောခဲ့ကြပြီး ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများနှင့်ဒေသခံပြည်သူများအား စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြသစွန့်ပစ်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါဈေးများအတွင်း ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများ၏ အသား၊ငါး၊ဟင်းသီးဟင်းရွက်၊ဥအမျိုးမျိုး၊အဝတ်အထည် အစရှိသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။




၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Posted on Feb 12, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Feb 11, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Posted on Feb 10, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Posted on Feb 09, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Feb 08, 2026
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Posted on Feb 11, 2026ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
Posted on Feb 11, 2026တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Posted on Feb 11, 2026၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
