တံတားဦးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်
တံတားဦးမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်
Ministry of Information/ Naypyitaw / October 02, 2024
တံတားဦး အောက်တိုဘာ ၂
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပွားသည့် ရေဘေးသင့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၆)နာရီခွဲအချိန်က တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး ရေဘေးသင့်ပြည်သူတစ်ဦးအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ စည်သွပ်ဘူးများ ထောက်ပံ့နှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တို့က ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ အဝတ်အထည်၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးမှ ရေဘေးသင့်တောင်သူများအတွက်မျိုးစေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းမှ ရေဘေးသင့်တောင်သူများအတွက် သဘာဝရွက်ဖြန်းဓါတ်မြေဩဇာများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ ရေဘေးသင့်ပြည်သူများအတွက် ပျက်စီးခဲ့သည့် နိုင်သားစိစစ်ရေးကတ်ပြားကိုလည်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းမှ ရေဘေးသင့်တောင်သူများအတွက် စိုက်ပျိုးရေးသုံးဆေးဖြန်းပုံးများကိုလည်းကောင်း အသီးသီးပေးအပ်ကြရာ ရေဘေးသင့်ပြည်သူများမှ အသီးသီးလက်ခံရယူကြပြီး ရေဘေးသင့်ပြည်သူများကိုယ်စား တံတားဦးမြို့နယ် ခင်လူးလေးကျေးရွာ ဦးဆန်းမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည် ။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တံတားဦးမြို့နယ်တွင် သဘဝဘေးကြောင့် ရေဘေးသင့်ပြည်သူများ အတွက်ဆန် (၁၁၀) အိတ်၊ စည်သူသွတ်ဗူး (၂၅၂၀) ဗူး၊ ဆီ (၁၀) ပိဿာ၊ ဆီ၅၀ကျပ်သားဗူး (၂၄၀) ဗူး၊ ရေသန့် (၀.၅) လီတာကတ် (၁၀၀) ကတ်၊ ရေသန့် (၁) လီတာကတ် (၂၅၀) ကတ်၊ ခေါက်ဆွဲခြောက် (၂၅) ဖာ၊ မုန့်အစုံ (၅) ဖာ၊ တီရှပ်အင်္ကျီအထည် (၂၅၀)၊ ကျား/မကလေးဝတ်အင်္ကျီအထည် (၆၀၀)၊ ခေါင်းအုံး(၁၀)လုံး၊ ဆေးဖြန်းပုံး(၅)ပုံး၊ နေကြာမျိုးစေ့ (3kg) (၃၀) အိတ်၊ ပိုက်ဆံလျှော်မျိုးစေ့ ၄ပြည်ပါ (၁၀) အိတ်နှင့် ရွက်ဖြန်းအားဆေး (၂၅) ဗူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ အောက်တိုဘာ ၁၀ ရက်၊ ကြာသပတေးနေ့။
Posted on Oct 10, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 09, 2024
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၀/၂၀၂၄)
Posted on Oct 11, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၀/၂၀၂၄)
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
Posted on Oct 11, 2024၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများထုတ်ချေးပေးလျက်ရှိပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၄) ပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
Posted on Oct 10, 2024ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၄) ပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ