ဒုတိယဝန်ကြီး ဦးအေးကျော် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအေးကျော် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အားခွဲရုံများမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / August 10, 2025
image_latest


နေပြည်တော် ဩဂုတ် ၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၅၀၀ ကေဗွီ မိတ္ထီလာ (ကံကောင်း) ပင်မဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု၊ ၂၃၀ ကေဗွီ သပြေဝ ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီဘဲလင်းပင်မဓာတ်အား ခွဲရုံများမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် Power Gen (ကျောက်ဆည်) သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ၅၀၀ ကေဗွီ မိတ္ထီလာ (ကံကောင်း) ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက စီမံကိန်း တပ်ဆင်စမ်းသပ်ကာလအတွင်း တာဝန်ကျဝန်ထမ်းများအနေဖြင့် ဓာတ်အားပို့လွှတ် ထိန်းချုပ်ကိရိယာများ စနစ်တကျ ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်လေ့လာသင်ကြားသွားရန်၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်မှု မပြီးသေးမီ ယာယီအစီအစဉ်ဖြင့် နေထိုင်သွားရေးမှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ်ကာ Switch Yard အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဓာတ်အားများ လက်ခံနိုင်ရေးပြင်ဆင်

ယင်းနောက် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက နောင်တွင် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားများ ချိတ်ဆက်ပို့လွှတ်လာပါက လက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစီအမံများ ကြိုတင်ဆောင်ရွက်နိုင်ရေး မှာကြားပြီး Computer Control Room အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ ဘဲလင်း ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး Control Room အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားခွဲရုံ Switch Yard အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြင်ဆင်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switch Bay များ ထပ်မံတိုးချဲ့ တည်ဆောက်သွားနိုင်မည့်အခြေ အနေများကို ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် Power Gen (ကျောက်ဆည်) သဘာဝဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံသို့ ရောက်ရှိ၍ ဒုတိယဝန်ကြီးက သွင်းကုန်လိုင်စင်ထောက်ခံချက်ရရှိရေး အချိန်မီကြိုတင်တင်ပြသွားရန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ဓာတ်အားပေးစက်ရုံအတွင်း အင်ဂျင်များမှ ဓာတ်အားထုတ်လုပ်ပေးနေမှုအခြေအနေများနှင့် Central Control Room အတွင်းမှ သဘာဝဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်မောင်းနှင်မှုအချက်အလက်များကို စောင့်ကြည့်ထိန်းချုပ်နေမှုအခြေအနေများနှင့် ဓာတ်အားလိုင်းများသို့ ဓာတ်အားပို့လွှတ်နေမှု အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026