နိုင်ငံတစ်ဝန်း လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် တင်ပြလာသည့် ကိစ္စရပ်များကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၅) ကြိမ်မြောက်အစည်းအဝေး၌ ဆွေးနွေး
နိုင်ငံတစ်ဝန်း လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် တင်ပြလာသည့် ကိစ္စရပ်များကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၅) ကြိမ်မြောက်အစည်းအဝေး၌ ဆွေးနွေး
Ministry of Information/ Naypyitaw / July 19, 2025

နေပြည်တော် ဇူလိုင် ၁၈
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မိမိတို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော မြေယာမူဝါဒများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း။
လယ်ယာမြေများအား အခြားနည်း အသုံးပြုခွင့် နှင့် ပတ်သက်၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) တွင် “လယ်ယာမြေများကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့်ပြုခြင်းဖြစ်ရာ အခြားနည်းဖြင့် ပြောင်းလဲအသုံးပြုနိုင်ရေး လျှောက်ထားလာပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ သက်ဆိုင်သည့် ဌာနဆိုင်ရာများ၏ ထောက်ခံချက်များကို စိစစ်ခြင်း၊ မြေပြင်တွင် ကြိုတင်အသုံးချထားမှုရှိ/ မရှိ စိစစ်ခြင်းဆောင်ရွက်၍ ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးရန်၊ ဥပဒေတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်သည့် လျှောက်ထားသူများနှင့် စည်းကမ်းနှင့်အညီ ထိန်းကျောင်းရန် ပျက်ကွက်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း တိတိကျကျ အရေးယူဆောင်ရွက်သွားရန်” လမ်းညွှန်ထားပြီး ဖြစ်ပါကြောင်း။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် တိုင်းဒေသကြီး ၊ ပြည်နယ်၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်၍ ထောက်ခံတင်ပြလာသည့် လယ်မြေကို အခြားနည်းဖြင့် အသုံးပြုခွင့် ခွင့်ပြုပါရန် လုပ်ငန်းစာတွဲများကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လယ်ယာမြေကို ခွင့်ပြုမိန့် မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်း (SOP) နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ စိစစ်အတည်ပြုပေးခြင်းကို ဆောင်ရွက်ရန် ဖြစ်ကြောင်း။
သို့ပါ၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်အားလုံးအနေဖြင့် ယခုအစည်းအဝေးတွင် တင်ပြမည့် နိုင်ငံတစ်ဝန်း လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် တင်ပြလာသည့်ကိစ္စရပ်များ၊ အခြားသော ကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ ဌာနဆိုင်ရာလုပ်ငန်းရှုထောင့်များမှ ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးစိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများကို တင်ပြရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်းကို စိစစ်ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်တင်ပြလာသော လယ်ယာမြေစီမံခန့်ခွဲရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း
Posted on Jul 20, 2025ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 19, 2025၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်
Posted on Jul 18, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်